top of page
Search
  • Writer's pictureLewis aung

Crypto Exchange/Wallet Review (1)

Coinbase (My rating- 4 out of 5 Stars )



Coinbase ဆိုတာကတော့ လောလောဆယ် ကမ္ဘာပေါ်မှာ Secure အဖြစ်ဆုံးနဲ့ အခိုင်မာဆုံး Crypto-Currency Trading Platform တစ်ခုဖြစ်ပါတယ်။ Coinbase Platform ကိုတော့ Bitcoin အပေးအယူ ပြုလုပ်လို့ရအောင်၂၀၁၂ ခုနှစ်လောက်ထဲက စတင်တည်ထောင်ခဲ့တာဖြစ်တဲ့ အတွက် သက်တမ်းနုသေးတဲ့ Crypto လောကမှာတော့ ၁၀ နှစ်ဆိုတာ အတော်ခိုင်မာတဲ့ ရပ်တည်မှုလို့ပဲဆိုရမှာပါ။


လောလောဆယ်မှာတော့ နိုင်ငံပေါင်း 100 ကျော်မှာ Coinbase ကို အသုံးပြုလို့ရနေပါပြီ။ သို့သော်လဲ စာရေးသူသိသလောက်တော့ မြန်မာပြည်မှာ အသုံးပြုခွင့်မရသေးပါ။ (တကယ်လို့ အသုံးပြုလို့ရရင်လဲ စာရေးသူကို ဆက်သွယ်ပေးပါ။ ဆောင်းပါးကို ပြင်ဆင်ပေးပါမယ်)။ အာရှတိုက်မှာတော့ Japan, Singapore, India, Hong Kong, Macao, Taiwan, Philippies အစရှိတဲ့ နိုင်ငံတွေမှာ Crypto-Currency ရောင်းဝယ်မှုကို Coinbase မှာ အသုံးပြုလို့ရနေပါပြီ။


Crypto-Currency လောကဟာ အလွန်နက်နဲ ရှုပ်ထွေးတယ်ဆိုတာ စာဖတ်သူတို့ ကြားဖူးပါလိမ့်မယ်။ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ မြန်မာစာကားပုံအတိုင်းပဲ Crypto-Currency လောကကို သေချာ နားလည်သဘောပေါက် သွားရင်တော့ တကယ့်ကို ပိုက်ဆံရှာလို့ကောင်းတဲ့ ငွေတွင်းကြီးပါပဲ။ အဲလို နားလည်အောင် လေ့လာနိုင်ဖို့ ပထမဦးဆုံးလုပ်ရမှာက Crypto-Currency တွေရောင်းဝယ်နိုင်တဲ့ Platform တစ်ခုကို ဖွင့်ပြီး ငွေနဲနဲထည့်ကာ သင်ယူရပါလိမ့်မယ်။


ဒါကြောင့် ဒီဆောင်းပါးမှာတော့ Coinbase Platform ရဲ့အားနည်းချက်၊ အားသာချက်တွေကို နှိုင်းယှဉ်ပြီး Review လုပ်ပေးသွားမှာဖြစ်ပါတယ်။


#အားသာချက် - 1 ( Easy to use for beginner)

Coinbase ဟာ Crypto လောကထဲကို အခုမှစတင် ခြေလှမ်းမယ့်သူတွေအတွက် အလွန်လွယ်ကူပြီး အသုံးပြုရတာ အဆင်ပြေစေမယ့် Crypto-Currency Trading Platform တစ်ခုဖြစ်ပါတယ်။ Coinbase အသုံးပြုဖို့ Website နှင့် Mobile application နှစ်မျိုးရှိပါတယ်။ စာရေးသူကတော့ သူ့ ရဲ့ Mobile App လေးကို ပိုမိုသဘောတွေ့မိပါတယ်။


#အားသာချက် - 2 (များပြားတဲ့ Crypto ​အမျိုးအစားများ)

Coinbase platform မှာ Crypto-Currencies အမျိုးအစားပေါင်း 100 နီးပါးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါဟာ သူ့ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ Binance.us ထက် အမျိုးအစား 30 ကျော်လောက် ပိုမိုရှာဖွေဝယ်ယူနိုင်တာပါ။ စာဖတ်သူတို့ ရင်းနှီးပြီးသားဖြစ်တဲ့ Robinhood နှင့် Webull အစရှိတဲ့ Brokerage တွေမှာ Crypto-Currency အမျိုးအစားပေါင်း 10 ခု ဝန်းကျင်သာ ရွေးချယ်စရာရှိပါတယ်။ ဆိုတော့ Coinbase ဟာ Beginner တွေတင်မကဘဲ ပိုမိုကျယ်ပြန့်တဲ့ Crypto Market ကိုလေ့လာချင်သူတွေအတွက်ပါ အလွန်ပင်အသုံးဝင်မှာ ဧကန်မလွဲပါဘဲ။


#အားသာချက် - 3 (လုံခြုံမှု)

Crypto-Currency လောကဟာ လူလိမ်တွေ၊ Hacker တွေအတော် ပေါများပါတယ်။ Crypto တွေဟာ မည်သည့် အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိတဲ့အတွက် ကိုယ့်အကောင့် hack ခံလိုက်ရရင် ဒါမှမဟုတ် ကိုယ့်ဆီက Crypto တွေကိုတစ်ယောက်ယောက်က လိမ်သွားရင် လုံးဝပြန်လိုက်လို့မလွယ်ပါ။ ရဲတိုင်လို့လဲမထူးပါ။ ဒါကြောင့် Crypto ရောင်းဝယ်တဲ့ Exchange တွေ သိုလှောင်တဲ့ Wallet တွေရဲ့ လုံခြုံရေးဟာ အလွန့်အလွန်ကို အရေးကြီးလှပါတယ်။


စာရေးသူရဲ့ အတွေ့အကြုံအရ Coinbase တည်ထောင်ခဲ့တဲ့ 10 နှစ်ကျော်ကာလအတွင်းမှာ အခြား Crypto Trading Platform တွေနဲ့ နှိုင်းယှဉ်လျှင် Coimbase ရဲ့ Security system ဟာ Scammer တွေအတော် ခက်ခဲစွာကျော်ဖြတ်ရမှာပါ။


ဒါ့အပြင် Coinbase ရဲ့ အခြား Crypto Platform တွေထက်သာတဲ့ အချက်က ကိုယ့်အမှားကြောင့်မဟုတ်ပဲ နည်းပညာအားနည်းချက်ကြောင့် ကိုယ့်account hack ခံရပြီး အကောင့်ထဲက Crypto Currency တွေHack ခံရပါက ပြန်လျော်ပါမယ်လို့ Coinbase က ကတိပြုထားပါတယ်။ ဒါကြောင့် လောလောဆယ် ကမ္ဘာပေါ်မှာ လုံခြုံစိတ်အချရဆုံး Crypto-Currency trading Platform တစ်ခုကိုညွန်းပါဆိုရင် Coinbase ကိုပဲ ညွန်းဆိုချင်ပါတယ်။


(မှတ်ချက်- Online မှာ တွေ့ကရာ Link တွေ လျှောက်မနှိပ်မိပါစေနဲ့။ ကိုယ်မှားနှိပ်မိတဲ့ Link ကြောင့် Account hack ခံရလျှင်တော့ Coinbase မှ အလျော်ပေးမည်မဟုတ်ပါ)


အားသာချက် - 4 (Low minimum deposit)

ဒီအချက်ကတော့ Crypto-Currency အကြောင်းအခုမှ လေ့လာသင်ယူမယ့်သူတွေအတွက် တကယ်ကို အဆင်ပြေစေပါတယ်။ Coinbase မှာ အကောင့်ဖွင့်ပြီး Crypto အကြောင့်လေ့လာဖို့ $100 လောက်စထည့်ရင်ကို စတင်အသုံးပြုလို့ရပါပြီ။ Beginner တွေအတွက်တော့ တကယ့်ကို အဆင်ပြေစေမှာပါ။ (Coinbase မှာအကောင့်ဖွင့်ဖို့ Link ကို ဒီဆောင်းပါးအဆုံးမှာ ချထားပေးပါမယ်။ အဲဒီ Link ကိုနှိပ်ပြီး Coinbase account ကို စိတ်ချယုံကြည်စွာ ဖွင့်ပြီး အသုံးပြု လို့ရနိုင်ပါတယ်)


Coinbase ရဲ့ အဓိကအားနည်းချက်ကတော့ အခြားပြိုင်ဖက် Crypto Platform တွေနဲ့ ယှဉ်ရင် Trading Fees မဆိုသလောက်လေးပိုများပါတယ်။ လက်ရှိ Coinbase fees schedule အရ $50-$200 ဖိုး trade မယ်ဆိုလျှင် $2.99 Trading Fees ပေးရပါမယ်။ သို့သော်လဲ Coinbase Pro ကို အသုံးပြုရင်တော့ Fees သက်သာပါတယ်။ စာရေးသူအနေနဲ့ အကြံပေးချင်တာကတော့ Beginner တွေအနေနဲ့ Coinbase Pro ထက် ရိုးရိုး Coinbase account ကိုသာ စတင်အသုံးပြုသင့်ပါတယ်။


အာနည်းချက် - 2 (Customer Service)

ဒီအချက်ကတော့ လက်ရှိကမ္ဘာပေါ်က Crypto-Currency Trading Platform တိုင်းလိုလိုမှာကြုံရမယ့်ပြဿနာပါ။ အကြောင်းတစ်စုံတစ်ရာကြောင့် Customer Service ကို ဆက်သွယ်မည်ဆိုလျှင် အလွန် ကြာမြင့်စွာစောင့်ဆိုင်းရပါတယ်။


#Conclusion အနှစ်ချုပ်အနေနဲ့ကတော့ Coinbase Platform ဟာ Crypto-Currency တွေအကြောင်းစတင်လေ့လာမယ့် Beginner တွေအတွက်အလွန်ကို အသုံးပြုရတာ လွယ်ကူအဆင်ပြေ​ေစမှာဖြစ်ပြီး ငွေamount ကြီးကြီးကစားတဲ့သူတွေအတွက်လဲ ကိုယ့်Crypto တွေအတွက် အလွန်ကို လုံခြုံမှုရှိစေတဲ့ Crypto trading platform တစ်ခုဖြစ်တဲ့ အတွက် စာရေးသူအနေတဲ့ ကိုယ်ပိုင် rating 4 stars out of 5 stars ပေးပါတယ်။


အောက်ပါ Link ကိုနှိပ်ပြီး Coinbase မှာ စိတ်ချယုံကြည်စွာ Trading account ဖွင့်ပြီး $100 ဖိုး ကိုယ်ကြိုက်တဲ့ Crypto တွေအရောင်း/ အဝယ်ပြုလုပ်ပြီးတာနဲ့ Coinbase မှ Bonus အဖြစ် Bitcoin $10 free ပေးပါတယ်။ Link - coinbase.com/join/ZHMF0U?src=ios-link


အားလုံးအဆင်ပြေကြပါစေ။ Lewis Aung (Lewis Aung Taxes & Insurance)

142 views0 comments
bottom of page