top of page
Search
  • Writer's pictureLewis aung

Investor တွေ Trader တွေ သိထားသင့်တဲ့ Wash-Sale Rule။



အမေရိကန် Stock Market မှာ နှစ်ကုန်ပိုင်းရောက်လာရင် ဒီနှစ်အတွက်ပေးရမယ့် အခွန်သက်သာအောင် Investor တွေက Tax loss selling လုပ်ကြလေ့ရှိပါတယ်။ သဘောက ရှုံးနေတဲ့ Stock တွေကို အခွန်သက်သာအောင် တမင်အရှုံးခံပြီး ထုတ်ရောင်းကြတာပါ။ အခွန်ဥပဒေအရ မြတ်နေတဲ့ Stock ကိုထုတ်ရောင်းမှ အခွန်ပေးရမှာဖြစ်သလို ရှုံးနေတဲ့ Stock တွေကိုလဲ အရှုံးခံထုတ်ရောင်းမှ Capital loss အနေနဲ့ Tax မှာနှုတ်လို့ရမှာဖြစ်ပါတယ်။


အဲဒါကြောင့်လဲ နှစ်စဉ် နှစ်ကုန်ခါနီး Christmas မတိုင်ခင်မှာ Stock market အမြဲကျလေ့ ကျထရှိတာ ပုံမှန်လိုဖြစ်နေပါပြီ။ အဲတော့ အမေရိကန် အခွန်ဌာနက ရင်းနှီးမြှုပ်နှံသူတွေ အခွန်မှာနှုတ်ချင်ရုံသက်သက် Stock တွေကို ထုတ်ရောင်းပြီး ချက်ချင်းပြန်ဝယ်တာမျိုး မဖြစ်ရလေအောင် Wash-Sale Rule ကို ပြဌာန်းထားပါတယ်။


Wash-Sale Rule ဆိုတာကို မြန်မာလို ရှင်းပြရရင်တော့ Stock တစ်ခုကို အခွန်သက်သာအောင် အရှုံးခံထုတ်ရောင်းပြီး အဲဒီ Stock ကိုပဲ ရက် ၃၀ အတွင်း (before or after) ပြန်ဝယ်တာကို Wash-Sale အနေနဲ့ သတ်မှတ်ကာ Tax Return မှာ အရှုံးအနေနဲ့ နှုတ်ခွင့် မပေးဘဲ ကိုယ်ပြန်ဝယ်လိုက်တဲ့New Position ရဲ့ အရင်းမှာသွားပေါင်းတာကို ဆိုလိုတာပါ။


ဥပမာ- မောင်ဘက Stock A ကို Sept 1 ရက်နေ့မှာ တစ်ရှယ်ယာ $120 နဲ့ဝယ်လိုက်တယ်ဆိုပါစို့။ အဲဒီ StockA ဟာ Oct 15 မှာ တစ်ရှယ်ယာ $100 အထိဆင်းသွားတာကြောင့် မောင်ဘ $20 ရှုံးနေပါပြီ။ အဲတော့ မောင်ဘက အဲဒီ အရှုံး$20 ကို Tax မှာနှုတ်ချင်လို့ Oct 15 မှာ တစ်ရှယ်ယာ $100 နဲ့ ပြန်ရောင်းလိုက်ပါတယ်။ ပုံမှန်ဆိုရင် ဒီ $20 ဟာ Realized loss ဖြစ်တာကြောင့် Tax မှာ နှုတ်ခွင့်ရှိပါတယ်။


သို့သော် Oct 20 ရောက်တော့ အဲဒီ Stock A ဟာ တစ်ရှယ်ယာ $90 အထိ ကျသွားတာကြောင့် မောင်ဘက ကျဈေးနဲ့ ပြန်ဝယ်လိုက်တယ်ဆိုရင် အရှုံးခံရောင်းပြီးရက်၃၀ မပြည့်ခင်ပြန်ဝယ်လိုက်တာကြောင့် Wash-Sale လို့ သတ်မှတ်ပြီး ရှေ့က ရှုံးတဲ့ $20 ဟာ Realized Loss မဟုတ်တော့ဘဲ အသစ်ဝယ်လိုက်တဲ့ New position မှာသွားပေါင်းပြီး New Position ရဲ့ အရင်းဟာ $90 မဟုတ်ဘဲ $110 ဖြစ်သွားမှာပါ။


အဲတော့ တကယ်လို့ အဲဒီ Stock ဟာ Dec 20မှာ $150 ရောက်တဲ့အချိန်မှာ $90 နဲ့ ဝယ်ခဲ့ပေမယ့် $60 ဖို့း Tax ဆောင်ရမှာမဟုတ်ပဲ ရှေ့ကရှုံးထားတဲ့ Wash-Sale လာပေါင်းထားတဲ့ အရင်း $110 နဲ့တွက်ပြီး $40 သာ တကယ့် အမြတ်လို့ သတ်မှတ်တာကြောင့် $40 ဖိုးသာ Tax ဆောင်ရပါမယ်။ တကယ်တော့ Wash-Sale Rule ဟာ ကိုယ့်အတွက်နာတယ်လို့ထင်ရပေမယ့် တကယ့်တကယ်တန်းမှာ ဘဲစားဘဲချေပါပဲ။ ဒီနှစ်ထဲမှာ အရှုံးကိုနှုတ်လို့ရတာနဲ့ Stock ကို မြတ်တဲ့အချိန်ရောင်းတဲ့နှစ် ရောက်မှ အခွန်သက်သာတာပဲ ကွာပါတယ်။


အမေရိကန်အခွန် ဥပဒေမှာ "substantially identical" Stock ကို အရှုံးခံရောင်းပြီး ရက် ၃၀ အတွင်း(before or after) ပြန်ဝယ်ရင် Wash-Sale Rule နဲ့ငြိတယ်လို့ ပြဌာန်းထားပါတယ်။ သဘောက Tesla Stock ကို Robinhood မှာ အရှုံးခံရောင်းပြီး ရက်၃၀အတွင်း Tesla Stock ကိုပဲ Webull မှာ ပြန်ဝယ်ရင်လဲ Wash-Sale Ruleနဲ့ ငြိပါတယ်။ Tesla Stock ကို Robinhood မှာရောင်းပြီး Tesla Option ပြန်ဝယ်ရင်လဲ Wash-Sale Ruleနဲ့ငြိပါတယ်။ Taxable brokage account မှာ အရှုံးခံရောင်းပြီး IRA account မှာ ပြန်ဝယ်ရင်လဲ Wash-Sale Ruleနဲ့ ငြိပါတယ်။


ကျတော်ဆီ Tax လာ Claim တဲ့ Client အသစ်တွေဆီက ကြားနေကြ စကားတစ်ခုက " အရင်က ဘယ် Tax Professionalနဲ့ Taxတွက်နေကြ အဲဒါ ကိုယ့်ဖက်က စာရွက်စာတမ်း အစုံအလင် ပေးပါလျက်နဲ့ IRS က Audit တာခံရပြီး Capital gain/loss မှာ တွက်တာမှားလို့ Penalty ပေးလိုက်ရတယ်" ဆိုတာပါ။ တကယ်တော့ သူတို့တွက်တာလဲ မှားတယ် ပြောလို့မရပါဘူး။ Recorded Trade Historyကို သေချာအတိအကျ သတိထားမကြည့်မိကြတာပါ။


ပုံမှန်အားဖြင့် ကိုယ်တစ်နှစ်အတွင်းအရောင်းအဝယ်လုပ်ခဲ့ သမျှကို ကိုယ်သုံးတဲ့ Broker ရဲ့ accounting department က အရင်းက ဘယ်လောက်၊ ရောင်းလိုက်တာက ဘယ်လောက်၊ Wash-Sale ထဲဝင်သွားတာက ဘယ်လောက် စသည်ဖြင့် သူ့ Broker မှာ လုပ်ခဲ့သမျှ Transition တွေကို 1099-B ပေါ်မှာ ဖော်ပြပေးထားပါတယ်။ ပြဿနာက ကိုယ်က Broker တစ်ခုထက်ပိုသုံးရင်လာပါပြီ။


ကိုယ်က Stock A ကို Webull မှာ အရှုံးခံရောင်းပြီး TDameritrade မှာ ရက် ၃၀ မတိုင်ခင်ပြန်ဝယ်မိတယ်ဆိုပါစို့။ Webull ဟာ သူ့ဆီမှာရောင်းတဲ့ အရှုံးကို ပဲသိမှာဖြစ်ပြီး TD မှာပြန်ဝယ်လိုက်တာကိုတော့ သိမှာမဟုတ်တဲ့ အတွက် သူ့Brokerရဲ့ 1099-B ပေါ်မှာ သာမန်အရှုံးအနေနဲ့သာ Record လုပ်ပေးပြီး Wash-Sale ထဲထည့်မှာမဟုတ်ပါ။


အဲတော့ Tax Professional တွေအနေနဲ့ Tax တွက်တဲ့အခါ Broker 2 ခုလုံးကထုတ်ပေးတဲ့ 1099-B ပေါ်က information တွေကိုတည်ပြီးတော့ တွက်ကြလေ့ရှိပါတယ်။ သို့သော်ငြားလည်း ကံဆိုးပြီး IRS က Audit လုပ်တာခံရတဲ့ အခါမှာတော့ အတိအကျစစ်ဆေးတာဖြစ်လို့ ကိုယ် Webull မှာအရှုံးခံရောင်းပြီး ရက်၃၀အတွင်း TD မှာ ပြန်ဝယ်ခဲ့တဲ့ Stock ဟာ Broker တွေရဲ့ 1099-B ပေါ်မှာ Wash-Sale အနေနဲ့ မဖော်ပြထားပေမယ့် တကယ့်တကယ်တန်းမှာ Wash-Sale Rule နဲ့ ငြိနေတာကို တွေ့ပါလိမ့်မယ်။ အဲဒါကြောင့် အခွန်ထပ်ပေးရတာပါ။


ဒါကြောင့် Tax Professional တွေအနေနဲ့ Trade History ကိုသေသေချာချာ ဂရုတစိုက်ကြည့်ဖို့လိုပါတယ်။ Tax Professional တွေတော်တော်များများက Stock Market မှာ Actively Trade နေကြတဲ့သူတွေမဟုတ်တော့ အပေါ်က ကျတော်ပြောတဲ့ အချက်ကို သတိထားမိကြမှာမဟုတ်ပါဘူး။ နောက်တစ်ချက်က Tax Season ဟာ Jan 1 to April 15 အထိပဲ ပုံမှန်သတ်မှတ်ထားတဲ့အတွက် ကျတော်တို့အတွက် အဲဒီကာလမှာ အချိန်ဟာ အရမ်းတန်ဖိုးရှိပါတယ်။


အဲဒီတော့ နေ့စဉ် Stock အရောင်းအဝယ်ပြုလုပ်နေတဲ့ Day Trader တွေ၊ Swing Trade ကစားကြတဲ့သူတွေဟာ တစ်နှစ်ပတ်လုံးစာပေါင်းရင် Trade Volume အရမ်းများတာကြောင့် သူတို့ရဲ့ Broker တွေကထုတ်ပေးတဲ့ Tax Form တွေဟာ အတော်ကိုထူပါတယ်။ ကျတော်တစ်ယောက်ထဲတင် ပြီးခဲ့တဲ့ နှစ်က Trade ပေါင်း 5000 ကျော်ရှိခဲ့ပါတယ်။


ဒါကြောင့် အရောင်းအဝယ်နည်းတဲ့ Long-term investor တွေရဲ့ Trade History တွေကို ဂရုတစိုက်ကြည့်ပေးဖို့ လွယ်ပေမယ့် Trade ပေါင်း ထောင်ကျော်ရှိသူတွေရဲ့ Trade History မှာ ဘယ်ဟာက ဘယ်လောက်ရှုံးပြီး ရက် ၃၀ အတွင်းအခြားBroker မှာ ပြန်ဝယ်ခဲ့သလဲဆိုတာကို ရှာရတာ ပင်လယ်ထဲ အပ်ပျောက်ရှာရသလိုပါပဲ။


ကျတော်အနေနဲ့ကတော့ ကိုယ်တိုင်ကလဲ IRS Enrolled Agent (EA) တစ်ယောက်ဖြစ်တဲ့အပြင် Active Trader လည်းဖြစ်တာကြောင့် တတ်နိုင်သလောက်တော့ Tax တွက်ရင် ကျတော့် Client တွေကို Wash-Sale အတွက် သေချာ ဂရုတစိုက်ကြည့်ပေးပါတယ်။ သို့သော်လည်း တစ်နှစ်မှာ Trade ပေါင်း ထောင်၊သောင်းချီပြုလုပ်လေ့ရှိသူတွေ အတွက်ကတော့ အပေါ်ကပြောခဲ့သလို ပင်လယ်ထဲမှာ အပ်ပျောက်တာ ရှာပေးရသလိုပါဘဲ။


နောက်တစ်ချက်က အခုအချိန်အထိ IRS က Wash-Sale Rule ဟာ Crypto တွေမှာကော သက်ရောက်လား၊ မသက်ရောက်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာမရှိသေးပါဘူး။ Online မှာ Youtuber တွေ Blogger တွေက Crypto မှာ Wash-Sale Rule မသက်ရောက်ဘူး။ နှစ်ကုန်ခါနီး ရှုံးတဲ့ ဟာတွေထုတ်ရောင်း ပြီးရင်ပြန်ဝယ်လို့ ပြောနေကြပေမယ့်လည်း IRS ဖက်က အတိအလင်း ပြဌာန်းချက် မကြေငြာမချင်း 100% မှန်တယ်လို့ မဆိုလိုနိုင်ပါဘူး။


ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအကျ သိရဖို့ ကျတော်ကိုယ်တိုင် IRS ကို ၄ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း တစ်ခေါက်ဖုန်းကိုင် တစ်ယောက်က တစ်မျိုးပြော၊ နောက်တစ်ခေါက်ဖုန်းကိုင် နောက်တစ်ယောက်က တစ်မျိုးပြောနေကြလို့ IRS ဖက်က Crypto ကို တိကျတဲ့ Asset Classification မပြုလုပ်သေးသ၍ ကိုယ့်Tax Return ကို Audit လုပ်တဲ့ Auditor ရဲ့ ထင်မြင်ယူဆချက် အပေါ်မှာ သာမူတည်နေပါတယ်။


နောက်တစ်ချက်က ဥပဒေပြဌာန်းချက်မှာ "substantially identical" Stock လို့ ပြဌာန်းထားတဲ့အတွက် Apple ဆို Apple , Amazon ဆို Amazon ကိုပဲ သက်ရောက်တယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။ သို့သော် တစ်ချို့ Stock တွေမှာ မတူညီတဲ့ Class တွေရှိနေပါတယ်။ ဥပမာ- Zillow Class A (ZG)နဲ့ Zillow Class C (Z) , DISCA နှင့် DISCB, GOOGL(Class-A) နှင့် GOOG (Class-C) စသည်ဖြင့်ပါ။ သေချာ ဂရုတစိုက်ကြည့်ရင် အထက်ပါ Stock တွေဟာ Company တစ်ခုထဲကပါ။ သို့သော် ဈေးနှုန်းလုံးဝမတူပါဘူး။ Volume မတူပါဘူး။ Stock Symbol လဲ မတူပါဘူး။


Stock Trader မဟုတ်တဲ့ သာမန် Tax Professional တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီး သွားမေးရင် Class A Stock နဲ့ Class C Stock ဘာကွာလဲဆိုတာတောင် တော်တော်များများ သိကြမှာမဟုတ်ပါဘူး။ အဲတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျတော်တစ်ခါတည်း အဖြေပေးရရင် IRS ရဲ့ ဘယ် Publication မှာမှ ဒါနဲ့ပတ်သက်ပြီး Wash-Sale Rule သက်ရောက်လား မသက်ရောက်ဘူးလားဆိုတာကို တိတိကျကျ မရှင်းထားပါဘူး။ အဲတော့ GOOGL (class-A)ကို အရှုံးခံရောင်းပြီး GOOG (class-C) ကိုရက်၃၀ အတွင်း ပြန်ဝယ်မိရင်လည်း ကိုယ့် Tax Return ကို Audit လုပ်မယ့် Auditor ရဲ့ ထင်မြင်ယူဆချက်အပေါ်မှာပဲ မူတည်နေပြန်ပါတယ်။


ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး Audit လုပ်ခံရရင်တော့ ကိုယ့်ဖက်မှာ ကိုယ့်ကို တရားဝင် Represent လုပ်ပေးပြီး လိုက် Fight ပေးမယ့် Tax Attorney, IRS Enrolled Agent (EA) ဒါမှမဟုတ် CPA တစ်ယောက်ရှိဖို့တော့လိုပါတယ်။ Tax Preparer တိုင်းဟာ Tax Attorney, IRS Enrolled Agent (EA), CPA License မရှိကြပဲ တစ်ချို့က Accountant ကနေ State license ယူပြီး Tax Claim ပေးကြသလို၊ တစ်ချို့ကလဲ Finance/Business backgroundကနေ State License ယူပြီး Tax Claim ပေးကြတဲ့ အတွက် သူတို့မှာ Tax File ပေးပိုင်ခွင့်သာရှိမှာဖြစ်ပြီး Unlimited Representing Right မရှိလို့ ပြဿနာတက်တိုင်း လိုက်ဖြေရှင်းပေးဖို့ Representing Power မရှိပါဘူး။


အချုပ်အနေနဲ့ကတော့ နှစ်ကုန်ဖို့ နောက်ဆုံး တစ်ပတ်ထဲရောက်လာပြီဖြစ်လို့ အခွန်သက်သာအောင် ကိုယ့် Portfolio ကို အနိုင်အရှုံး Balance ဖြစ်အောင်လုပ်ချင်သူတွေ၊ ဒီနှစ်အတွက် တမင် အရှုံးပြချင်သူတွေအနေနဲ့ Stock တွေကို အရှုံးခံထုတ်ရောင်းပြီး Wash-Sale Rule နဲ့မငြိစေဖို့ ရက် ၃၀ အတွင်း the same stock ကိုပဲပြန်မဝယ်မိဖို့ အရေးကြီးပါတယ်။


အားလုံးအဆင်ပြေကြပါစေ။ Lewis Aung ( Lewis Aung Taxes & Insurance)


86 views0 comments
bottom of page