top of page
Search
  • Lewis aung

Golden State Stimulus 2

Updated: Sep 20, 2021




သတင်းကောင်းဗျို့…

California State resident တွေ ဒုတိယအကြိမ်မြော​က် ထောက်ပံ့ကြေး Golden State Stimulus 2 (GSS-2) ကို မကြာခင် ရကြပါတော့မယ်။ ဒီတစ်ခေါက် ပေးမယ့် ဒုတိယအကြိမ်မြောက် ထောက်ပံ့ကြေး GSS-2 ဟာ အရင်တစ်ခေါက်က ပေးခဲ့တဲ့ GSS-1 နဲ့ အနဲငယ်ခြားနားပါတယ်။

Golden State Stimulus 2 ရရှိဖို့ လိုအပ်တဲ့ Requirement များ

1. 2020 Income Tax Return file ပြီးတဲ့သူ ဖြစ်ရပါမယ်။

2. CA adjusted gross income (CA AGI) $1 ကနေ $75000 အတွင်း ဝင်ငွေဖြစ်ရပါမယ်။ (CA AGI ကို Form-540 Line 17 မှာကြည့်ပါ )

3. 2020 ခုနှစ်အတွင်း W-2 ကရတဲ့ ဝင်ငွေ $75000 အောက်ဖြစ်ရပါမယ်။

4. 2020 ခုနှစ်အတွင်းမှာ California State မှာ အနဲဆုံး ၆ လ နေထိုင်ခဲ့ပြီး 2021 ခုနှစ်မှာလဲ ဒိထောက်ပံ့ကြေး မရသေးခင်အထိ CA State resident ဖြစ်နေရပါမယ်။

5. တစ်ခြားသူတစ်ယောက်ရဲ့ Tax Return မှာ Dependent ဖြစ်နေလို့မရပါဘူး။ (ဥပမာ- မိဘ or ဦးလေး၊ အဒေါ တစ်ယောက်ယောက်က သူတို့ Tax file တဲ့ အချိန်မှာ ကိုယ့်ကို dependent အနေနဲ့ claim ထားရင်မရပါ။)

အထက်ပါအချက်တွေ အားလုံးနဲ့ ပြည့်စုံပါက အခုလာမယ့် September လကနေစပြီး ဒုတိယအကြိမ်မြောက် California State ရဲ့ထောက်ပံ့ကြေးရပါမယ်။

ရရှိနိုင်မယ့် GSS-2 ထောက်ပံ့ကြေး ပမာန

1. အကယ်၍ မိတ်ဆွေဟာ 2020 Income Tax file တုန်းက Dependent တစ်ယောက် နဲ့ အထက် Claim ခဲ့ပြီး ရှေ့တစ်ခေါက်က ပေးတဲ့ Golden State Stimulus 1 ကိုရရှိခဲ့ပြီးပါက ဒီတစ်ခေါက်မှာ $500 ရပါမယ်။

2. GSS-1 ရရှိခဲ့ပြီး Tax Return မှာ Single or No Dependent ဖြစ်ပါက GSS-2 ထပ်မရတော့ပါ။

3. အကယ်၍ မိတ်ဆွေဟာ 2020 Income Tax file တုန်းက Dependent တစ်ယောက် နဲ့ အထက် Claim ခဲ့ပြီး ရှေ့တစ်ခေါက်က ပေးတဲ့ Golden State Stimulus 1 ကို “မရရှိခဲ့” ပါက ဒီတစ်ခေါက်မှာ $1100 ရရှိနိုင်ပါတယ်။

4. ​GSS-1 မရရှိခဲ့ဘဲ Tax Return မှာ Single or No dependent ဖြစ်ပါက အပေါက Requirement အားလုံးနဲ့ ပြည့်မှီလျှင် ဒီတစ်ခေါက် ( GSS-2 )ကို $600 ရပါမယ်။

မှတ်ချက်။ အခုအချိန်ထိ 2020 Income Tax filing မလုပ်ရသေးသူများ California State ရဲ့ ဒုတိယအကြိမ်မြေ

ာက် ထောက်ပံ့ကြေးရရှိနိုင်ဖို့ Oct 15 2021 မတိုင်ခင်မှာ Income Tax filing လုပ်ဖို့လိုပါမယ်။ Income Tax Filing လုပ်ချင်ရင်တော့ ကျတော့ E-mail ( KLA@lewisaung.com ) or ကျတော့် ဖုန်းနံပါတ် 650-455 9704 ကိုဆက်သွယ် နိုင်ပါတယ်။


Read detail in CA State website - https://www.ftb.ca.gov/about-ftb/newsroom/golden-state-stimulus/gss-ii.html?WT.ac=GoldenStateStimulus2


Check if you qualify for GSS-2 here -


https://www.ftb.ca.gov/about-ftb/newsroom/golden-state-stimulus/gss-ii-estimator.html


#LewisAung (Lewis Aung Taxes & Insurance)

137 views0 comments
Post: Blog2_Post
bottom of page