top of page
Writer's pictureLewis aung

အမေရိကမြေကို စတင်အခြေချမယ့်သူတွေ ရရှိနိုင်သောအခွင့်အရေး နဲ့ အထောက်အပံ့များ။ (1 )

Updated: Sep 20, 2021



ဒီဆောင်းပါးဟာအမေရိကန်ကို တရားဝင် စတင်အခြေချဖို့ အခွင့်အရေးရရှိထားသူတွေကိုအဓိကရည်ရွယ်ပါတယ်။ အ ​မေရိက မြေကိုစတင်အခြေချမယ့် သူတွေအဓိက သိချင်ကြတာက ဒီမှာဘာအခွှင့်အရေးတွေရမလဲ၊ အစိုးရက ​ကော ဘာတွေထောက်ပံ့ပေးသလဲစသည်ဖြင့်ပေါ့။


ကျနော်ကိုယ်တိုင်လဲ ဒီကိုရောက်ခါစက အဲဒီအကြောင်းတွေလိုက်စုံစမ်းခဲ့ရပါတယ်။ အဲတုန်းက ကိုယ့်ထက် ပိုသိတတ်နားလည် အတွေ့အကြုံရှိတဲ့ သူတွေဆီက အကြံအဉာဏ်တွေယူ အကူအညီတွေတောင်းခဲ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တစ်သက် လုံး ​နေလာပြီး အခြားနိုင်ငံတစ်ခုကို ပြောင်းရွှေ့ အခြေချ ဖို့ဆိုတာတော်ရုံမလွယ်တဲ့ ကိစ္စပါ။ ကွဲပြားတဲ့လူမျိုးတွေ၊ ကွဲပြားတဲ့အစားအစာ၊ မတူညီတဲ့ဘာသာစကား၊ ကွဲပြားတဲ့ ရာသီဥတု၊ ကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တွေနဲ့ နေသားကျဖို့ဆိုတာ ချက်ချင်းမဖြစ်နိုင်ပါဘူး။ အချိန်တစ်ခုတော့လိုအပ် ပါတယ်။


နိုင်ငံရပ်ခြားကို ပြောင်းရွေ့အခြေချတယ် ဆိုတာ တကယ်တော့ ကိုယ်က အခြားတစ်နေရာမှာ အသစ်တဖန်ပြန်လည် ​မွေးဖွှား လိုက်သလိုပါဘဲ။ သုညကနေ ပြန်စပြီးမြင်မြင်သမျှ အကုန်လေ့လာသင်ယူရပါတယ်။ ဒါပေမယ့် ကိုယ့်အမေဝမ်းထဲကနေ မွေးဖွားခဲ့သလိုမျိုး "အူဝဲ အူဝဲ" ဆိုပြီးထပ်မံမွေးလာတာ မဟုတ်တဲ့ အတွက် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ဆိုတာ နေရာသစ်မှာ အရေးကြီးလှပါတယ်။


US အစိုးရကလဲ အဲဒီ ဒုက္ခ ​တွေကိုနားလည်တဲ့အတွက် Benefits program တွေ သတ်မှတ်ပြီး Budget တွေအလုံအ ​လောက်ချပေးပါတယ်။ အဲဒီ program တွေကလဲ တကယ့်ကို အထောက်အပံ့ဖြစ်စေပါတယ်။ ယေဘုရအားဖြင့် Food, Healthcare, Housing and Financial Assistance စသည်ဖြင့် Benefits program ကြီးလေးမျိုးရှိပါတယ်။


လူတစ်ယောက်အသက်ရှင်ဖို့ အရေး အကြီးဆုံးက အစားအသောက်ပါ။ Food assistance နဲ့ ပတ် သက်ရင် အသုံးအဝင်ဆုံးက Food Stamps လို့ခေါတဲ့ program ပါ။ English လိုအရှည်ကောက်က​တော့ Supplemental Nutrition Assistance Program(SNAP) လို့ခေါပါတယ်။ ဒီ benefits ကိုရထားတဲ့ လူပေါင်းသန်း ၄၀ လောက် US မှာရှိပါတယ်။ ဒီ program ကဘာလဲဆိုတော့ ဝင်ငွေနည်းလူတန်းစားတွေကို အစားအစာဝယ်ဖို့ ကိုယ့်situation ပေါမူတည်ပြီး တစ်လ $100-$400 ဝန်းကျင်လောက် ပိုက်ဆံထည့်ပြီးသား debit card ကိုပေးတာပါ။ အဲဒီကဒ် နဲ့ Super Market တွေဘာတွေမှာ အစားအသောက်ဝယ်လို့ရပါတယ်။


ဒီ program ကို Eligible ဖြစ်ဖို့က သူသတ်မှတ်ထားတဲ့ ဝင်ငွေအောက်မှာရှိရပါမယ်။ ကိုယ့်ဝင်ငွေမြင့်လာတာနဲ့အမျှ ကဒ်ထဲကိုထည့်ပေးတဲ့ ပိုက်ဆံလဲ နည်းလာပြီး သတ်မှတ်ထားတဲ့ Income limit ရောက်သွားရင်တော့ အဲဒီလူကိုဆက်မပေးတော့ပါဘူး။ US ကိုစတင်အခြေချမယ့်လူတွေ အတွက်ကြ တော့ Income ကလဲ eligible ဖြစ်သလို တကယ်လဲ အကျိုးပြုစေမှာပါ။


လူတစ်ယောက်အဖို့ အစားအသောက်ပြီးရင် နောက်ထပ်အရေးကြီးတာက နေဖို့ထိုင်ဖို့ပါ။ ဟုတ်ကဲ့ US မှာ စျေးအကြီးဆုံးက နေထိုင်စရိတ်ပါ။ ကျနော်ဟိုးရှေ့ က​ဆောင်းပါးမှာရေးခဲ့သလိုပဲ Sanfrancisco မှာဆိုရင် မိသားစု ငါးယောက်လောက်နေလို့ ရမယ့် 3 bedroom apartment တစ်ခန်းငှားရင် တစ်လ USD $3000-$5000 လောက်ရှိပါတယ်။ မိသားစုတစ်စုအတွက် တစ်လ မြန်မာငွေ သိန်း၅၀ နည်းပါးလောက်ကိုရှိပါတယ်။ အခုမှစပြီး US မှာအခြေချမယ့် လူတွေအတွက်ကတော့ တကယ့်ကို ခေါင်းကိုက်စရာ ပမာနပါ။

အဲတော့ US အစိုးရက ​နေပြီး ဝင်ငွေနည်းလူတန်းစားတွေအတွက် Housing assistance program တစ်ချို့ထောက်ပံ့ပေးထားပါတယ်။ Subsidized Housing, Housing Vouchers program လို့ခေါပါတယ်။ အရင်ကတော့ Section-8 လို့ခေါပါတယ်။ ဒီ program ကဘာလဲဆိုတော့ အစိုးရက ​နေပြီး ဝင်ငွေနဲ လူတန်းစားအတွက် ကိုယ်ပေးရမယ့်အိမ်လခကို မျှခံပေးတာပါ။ သ ဘောကတော့ အိမ် ပိုင်ရှင်က တစ်လ $3000 ဆို $3000 သူသတ်မှတ်ထားတဲ့ အတိုင်း $3000ရပါမယ်။ အိမ်ငှား က ​တော့ သူ့ဝင်ငွေရဲ့ 30% လောက်သာပေးရပြီး ကျန်တဲ့ပမာနကိုတော့ အစိုးရကစိုက်ပေးတာပါ။

ဥပမာအားဖြင့် ကိုယ့်ဝင်ငွေက တစ်လ $3000 ရှိပြီး အိမ်လခက တစ်လ $1500 ဆိုပါစို့။ ကိုယ်က $3000 ရဲ့ 30% $900 သာပေးရမှာဖြစ်ပြီး အစိုးရကကျန်တဲ့ $600 ကိုစိုက်ပေးတာဖြစ်ပါတယ်။ သို့သော် ဒီ program ကို အိမ်ရှင်တိုင်းလက်မခံပါ။ တစ်ချို့က အစိုးရနဲ့ တိုက်ရိုက်ပတ်သက်မှုကို ရှောင်ရှားချင်တဲ့ အတွက် ဒီ program ရရှိထားတဲ့ အိမ်ငှား​တွေကိုငြင်းတတ်ပါတယ်။


ဒီ housing program က ကြားရရင်တော့ အ ​တော်ကောင်းပါတယ်။ သို့သော် ရဖို့မလွယ်ပါ။ လျှောက်လွှာတင်ထားပြီး ကိုယ့်အလှည့်ရောက်ဖို့ လိုင်းစီပြီး စောင့်ရပါတယ်။ ကိုယ့်ရှေ့ မှာ လိုင်းစီပြီးစောင့်နေတဲ့လူကလဲ သိန်းနဲ့ သန်းနဲ့ချီ ရှိတာကြောင့် ကိုယ့်အလှည့်ရောက်ဖို့ အတော်ကြာပါတယ်။


တစ်ချို့ State မှာတော့ မဲနှိုက်ပါတယ်။ အဲတော့ ကံအရမ်းကောင်းတဲ့ လူတွေကတော့ ချက်ချင်းရနိုင်ပါတယ်။ ဟုတ်ကဲ့ဒါကတော့ US အစိုးရကပေးတဲ့ အကောင်းဆုံး benefits နှစ်ခုပါ။ ကျန်ရှိနေသေးတဲ့ Healthcare assistance နဲ့ Financial assistance program တွေအကြောင်းကိုတော့ မိတ်ဆွေတို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ပြီးရေးပေးပါမယ်။


#LewisAung (Lewis Aung Taxes & Insurance)


406 views0 comments

Comments


bottom of page