top of page
Writer's pictureLewis aung

Stock Broker Reviews (1)

Updated: Sep 20, 2021


စတော့ ဈေးကွက်ကို စိတ်ဝင်စားတယ် ဘယ်လို စကစားရမလဲ၊ ဘယ်ကစရ မလဲဆိုရင်တော့ အရင်ဆုံးလုပ်ရမှာက Stock brokerage account တစ်ခုဖွင့်ပြီး $200-$300 လောက်စ deposit ရပါလိမ့်မယ်။ အဲမှာ လူတော်တော်များများ သိချင်တာက ဘယ် broker ကောင်းလဲ၊ဘယ် broker မှာ account ဖွင့်ရမလဲ၊ Stock trader တစ်ယောက်အတွက် account ဘယ်နှခုလောက် လိုအပ်သလဲ ဆိုတဲ့ မေးခွန်းပါ။ ကျတော့အနေနဲ့ကတော့ ပုံမှန်Stock Trader တစ်ယောက်အနေနဲ့ အနဲဆုံး မတူညီတဲ့ Broker 2 ခု 3 ခုလောက်မှာ account ဖွင့်ပြီး ကစားသင့်တယ်လို့ မြင်ပါတယ်။ ကျတော်ကိုယ်တိုင်ဆို မတူညီတဲ့ Stock broker 8 ခုမှာ စုစုပေါင်း အကောင့်8 ခုရှိပါတယ်။ Long-term investment အတွက် 1 ကောင့် Short-term အတွက် 1 ကောင့် Day-trade အတွက် 2 ကောင့် Robo-advisor 2 ကောင့်၊ Traditional IRA 1 ကောင့် Roth IRA 1 ကောင့်ရှိပါတယ်။ Broker တစ်ခုစီတိုင်းမှာ မတူညီတဲ့ အားသာချက်အားနည်းချက်တွေ ရှိတဲ့ အတွက် ဘယ် Broker က ဘယ်မှာ အားသာလဲ အားနည်းလဲ ဆိုတာ Review လုပ်ပေးသွားပါမယ်။ တစ်ခေါက်ကို Broker 2 ခု စီနဲ့ အနည်းဆုံး နှစ်ပတ်ကို တစ်ခေါက် လောက်တော့ ရအောင်ကြိုးစားပြီး ရေးပေးပါမယ်။ ဒီနေ့ Review ပေးမှာက Webull ဆိုတဲ့ Stock broker ရယ် Acorns ဆိုတဲ့ Robo-advisor လေးအကြောင်းပါ။


Webull ( my rating - 4 star) Webull ဆိုတဲ့ broker ကတော့ 2016 ကမှ စတင်ခဲ့တဲ့ Stock broker အသစ်စက်စက်ပါ။ Broker အသစ်ဆိုပေမယ့် အချိန်တိုလေးအတွင်းမှာ တကယ့် broker အကြီးကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်လောက်တဲ့ အထိ တက်လာတဲ့ broker ပါ။ သူ့ရဲ့ တစ်ချို့ Feather တွေဆိုရင် နာမည်ကြီး Robinhood တို့ဘာတို့ထက်တောင် သာတယ်လို့ ပြောလို့ရနိုင်ပါတယ်။


Webull ၏အားသာချက်များ - Totally Commission free ပါ။ Webull မှာ စတော့ကို ကြိုက်သလောက်အရောင်းအဝယ်လုပ် ဘာfee မှ မပေးရပါဘူး။ - Bit-coin လို Crypto-Currency တွေကိုလဲ Webull မှာ Trade လို့ရပါတယ် - Margin play သူများအတွက် interest rate ကလဲ တစ်ခြား broker တွေထက် အနဲငယ် နဲတယ်လို့ပြောလို့ရနိုင်ပါတယ် ( as low as 3.99%ပါ) {Margin Privileges အကြောင်းကိုနောက်မှ အကျယ်တဝင့် Article တစ်ခုအနေနဲ့ ရေးပေးပါမယ်} - Short selling allow ( Robinhood ထက်အဓိကသာတာ က Webull မှာ Short selling လုပ်လို့ရတာပါ) (Short selling အကြောင်းကိုတော့ နောက်မှ အကျယ်တဝင့် Article တစ်ခုအနေနဲ့ ရေးပေးပါမယ်) - No minimum account opening balance ( $100 လောက် စ deposit ရင်ကို စtrade လို့ရပါပြီ) - Charting ( ဒီနေရာမှာတော့ တစ်ချို့ ကျတော်နဲ့ သဘောထား ကွဲလွှဲကောင်း ကွဲလွှဲနိုင်ပါတယ်။ ကျတော်ကိုယ်တိုင်ကတော့ Webull ရဲ့ Charting feathers တွေကိုသုံးရတာအကြိုက်တွေ့ပါတယ်။) - Mobile friendly ( Webull ရဲ့ ဖုန်း app ကတော့ တစ်ခြား broker တွေထက်စာရင် တော်တော်ကို သုံးရတာအဆင်ပြေပါတယ်)


Webull ရဲ့အားနည်းချက်များ - Customer support ပိုင်းမှာတော့ အနည်းငယ်ကြာပါတယ် - Research and Education tools ပိုင်းမှာအနည်းငယ်အားနည်းပါတယ်။ သို့သော်လဲ Commission free ဖြစ်တဲ့အတွက် သူတို့ပေးထားတဲ့ Tool တွေကတန်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ Summary အနေနဲ့ကတော့ ကျတော့အနေနဲ့ 4 out of 5 Star ပေးပါတယ်။ Webull ကို Commission free broker တွေထဲမှာတော့ ထိပ်တန်း Broker တစ်ခုအနေနဲ့ သတ်မှတ်နိုင်ပါတယ်ခင်ဗျ။

Webull မှာ Stock အကောင့်ဖွင့်ချင်ရင်တော့ အောက်ပါ Link ကဝင်အကောင့်ဖွင့် $100 လောက် စdeposit ပြီး Free Stock 4 ခုရယူနိုင်ပါတယ်။





Acorns ( Best Robo-investing app for Beginner) (My rating 4.5 star) Robo-investing (Automatic-financial advisor) တွေထဲမှာတော့ Acorns ကို တော်တော်သဘောကျပါတယ်။

Acorns ရဲ့ အားသာချက်များ - ဘယ် stock ဝယ်ရမလဲ ခေါင်းစားမရာမလိုဘဲ Acorns မှာ ရိုးရိုးရှင်းရှင်း Plan 5 ခုသာရှိပါတယ်။ ( Conservative- Moderately Conservative- Moderate- Moderately Aggressive- Aggressive) အဲထဲကမှ ကိုယ်နဲ့ သင့်တော်မယ်ထင်တဲ့ Plan ကိုရွေးယုံပါပဲ) - Round-up ( ကိုယ့် Debit Card or Credit Card ကို Acorns နဲ့ ချိတ်ထားခြင်းဖြင့် ကိုယ့် ဈေးဝယ်တဲ့ အခါ အသုံးပြုရင်းပိုတဲ့ အစွန်းထွက်ကို Acorns app မှာ direct invest လုပ်လို့ရပါတယ်) ဥပမာ- Startbuck မှာ Coffee တစ်ခွက်ဝယ်လို့ $2.30 ကျသင့်တယ်ဆိုပါစို့။ Acorns က အဲ့ $2.3 ကို $3 ပြည့်အောင် Auto $0.7 ကို သူ့ App ထဲသို့ auto invest ပေးမှာဖြစ်ပါတယ်) - Use Found Money ( ဒီ feather ကိုတော့အတော်ကြိုက်ပါတယ်။ ကိုယ် တစ်ခြားမှာဈေးဝယ်နေရင်းနဲ့ကို Acorns app ထဲဝင်ရုံနဲ့ Auto invest ပေးတာပါ။ ဥပမာ- ကိုယ်က Levi’s website ကနေ Jean ဘောင်းဘီတစ်ထည် Order ချင်တယ်ဆိုပါစို့။ Levi’s website ကို direct မဝင်ပဲ အရင် Acorns ကိုဝင်ပြီး Acorns ထဲကမှLevi’s website ကို ဝင်ခြင်းဖြင့် Levi’s original website ကဈေးနဲ့ အတူတူဖြစ်တဲ့အပြင် Acorns က Extra 5% bonus investment auto ထည့်ပေးပါတယ်။ သဘောက ကိုယ့် Credit card က Bonus % ရမယ့်အပြင် Acorns က Extra 5% ပါထပ်ရမှာပါ။ ဒီ feather ကတော့ တကယ့်ကို Win-win ဖြစ်တဲ့ အကျိုးအရှိဆုံး feather တစ်ခုပါ။ Nike မှာဆို Extra 5% Sephora မှာဆို extra 3% ထပ်ရမှာပါ။ အခြားနာမည်ကြီး Brand မျိုးစုံလဲရှိပါသေးတယ်။


Acorns ရဲ့ အားနည်းချက်များ - Monthly fees $1-$5 ရှိပါတယ်။ - Research tool ပိုင်းမှာအားနည်းပါတယ်

Summary အနေနဲ့ကတော့ Robo-Investing ထဲမှာတော့ Acorns ကိုတော်တော် အကြိုက်တွေ့မိပါတယ်။ ကျတော့ ကိုယ်ပိုင် Rating ကတော့ 4.5 out of 5 Star ပေးပါတယ်။

Acorns account ကို ဖွင့်ချင်တယ်ဆိုရင်တော့ အောက်ပါ Link ကဝင်အကောင့်ဖွင့်ပြီး $20 လောက်စ deposit တာနဲ့ Acorns ကနေ $10 bonus ရယူနိုင်ပါတယ်။


#LewisAung (Lewis Aung Taxes & Insurance)

136 views0 comments

Kommentare


bottom of page