top of page
Writer's pictureLewis aung

Robo-investing ဆိုတာဘာလဲ? (Also called Automated Financial Advisor)



အခုရက်ပိုင်း နဲနဲအလုပ်များနေတာနဲ့ Post မတင်ဖြစ်တာ Sorry ဗျာ။ ဟိုတစ်နေ့က အသိတစ်ယောက်က Investing experience မရှိ၊ Research လုပ်ဖို့ နဲ့ Market မှာနေ့စဉ် သတင်းလိုက်ဖို့ အချိန်မပေးနိုင်ပဲ ဘယ်လို investment လုပ် ရင် ကောင်းမလဲဆိုပြီး လာမေးလို့ ဒီ ဆောင်းပါးလေးကိုရေးဖြစ်တာပါ။ Automated Financial Advisor ( Robo-investing) ဆိုတာ အရှင်းဆုံးပြောရရင် ကိုယ်ကိုတိုင် ဘယ်စတော့ဝယ်ရင် ကောင်းမလဲ ခေါးင်းစားစရာ မလိုဘဲ Financial Company or Bank တစ်ခုခုကနေ Customers တွေရဲ့ Investment money တွေကို အသုံးပြုပြီး ကျွမ်းကျင်တဲ့ Investors or Financial advisors တွေက လစဉ်ကြေးယူကာ Customerတွေ ကိုယ်စား research and analyze လုပ်ပေးပြီး invest ပေးတာပါ။ အခုနောက်ပိုင်းတော့ AI နည်းပညာကိုအသုံးပြုပြီး Investment plan ချ ပေးတာတွေလဲရှိလာပါတယ်။

ကျွမ်းကျင်တဲ့ Investors တွေ ကရွေးချယ်ပေးထားတဲ့ Stock တွေ Bond တွေ ဆိုပေမယ့် အရှုံးလုံးဝ မရှိနိုင်ဘူးလို့တော့ မဆိုလိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့သာ ဘာဝယ်ဝယ်မြတ်မယ့်နည်းလမ်း သိနေရင် Financial Advisor အလုပ်တောင်လုပ်မှာ မဟုတ်တော့ပဲ Billionaire တွေဖြစ်နေပြီပေါ့။ တစ်ခါတလေ သူတို့ ရွေးချယ်ပေးတဲ့ Company တွေက strong ဖြစ်ပေမယ့် ကိုယ်မမြင်နိုင်တဲ့ အခြေအနေ အမျိုးမျိုး ကြောင့် ( example, Covid-19 Pandemic လိုပေါ့) Or ကိုယ်ဝယ်မိလိုက်တဲ့ Timing မမှန်တာကြော်င့် ကိုယ်ဝယ်ပြီးမှ စျေးကျတာမျိုးလဲကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ကျနော့် experience အရတော့ Stock ဆိုတာ မရောင်းသ၍ ရှုံးတယ်လို့ မပြောနိုင်သလို မရောင်းသ၍လဲ မြတ်တယ်လို့ ပြောလို့မရပါဘူး။ အဲတာကို Tax law မှာ unrealized gain/loss လို့ခေါပါတယ်။ မရောင်းရသေးတာဖြစ်တဲ့အတွက် unrealized gain/loss အတွက်လဲ IRS ကို အခွန်ပေးစရာ လုံးဝမလိုပါဘူး။

အခုနှစ်ပိုင်းအတွင်းမှာ Trade war and Covid-19 ကြောင့်စတော့စျေးတွေထိုးဆင်းတာက တစ်ကြောင်း ၊ Bank အတိုးနှုန်းတွေလျော့ချလိုက်တာက လူတွေရဲ့​ ပိုက်ဆံတွေကို Saving account မှာစုခြင်းက ဘာမှမထူးတော့တာက တစ်ကြောင်း၊ US government ရဲ့ Stimulus Check ထောက်ပံ့ကြေးတွေပေးခဲ့တာတွေကြောင့် လူတွေတော်တော်များများက Stock market မှာရင်းနှီးမြုပ်နှံဖို့ပိုမိုစိတ်ဝင်စား လာခဲ့ကြတယ်။ အဲဒီအပြင် Broker တွေကပါ လူတွေ ငွေနည်းနည်းရှိရင်တောင် Invest လုပ်နိုင်ဖို့ Share ကိုတစ် share လုံး အပြည့်မဟုတ်ပဲ ကိုယ်တတ်နိုင်တဲ့ အစိတ်အပိုင်းတစ်ခု % တစ်ခုစာလောက်ကို တောင် ဝယ်လို့ရနိုင်အောင် ဆွဲဆောင် နေကြပါပြီ။ ဆိုလိုတာက ဥမမာ- Amazon တစ် share ကို $3000 ရှိတယ်ဆိုရင် သင်က Amazon ရဲ့ Share ကိုလဲ ပိုင်ချင်တယ် $3000 လုံးလဲ မတတ်နိုင်ဘူးဆိုရင် Robo-Advisors account တစ်ခုဖွင့်ပြီး Amazon တစ်share ရဲ့ 10% ကို $300 ပေးပြီး အလွယ်တကူ ဝယ်ယူနိုင်တာပါ။

အခုအခါ Robo-investing broker တွေက တစ်ခုနဲ့ တစ်ခု မတူပဲ တစ်ယောက်တစ်မျိုးစီနဲ့ new investors တွေကို အပြိုင်ဆွဲဆောင်နေကြတာပါ။ တစ်ချို့က နာမည်ကြီး Financial advisor တွေကို အလုပ်ခန့်ပြီး သူတို့ ကို stock တွေ pick ခိုင်း Plan တွေချခိုင်း Stock Pie တွေ တည်ဆောက်ခိုင်းကြသလို၊ တစ်ချို့ကြတော့လဲ ကိုယ်ဝယ်နိုင်သလောက် $1 ကစပြီး ကြိုက်တဲ့ Company ကြီးတွေရဲ့ Share အစိတ်အပိုင်းတစ်ခုကို ကြိုက်သလို ဝယ်ယူခွင့်ပေးကြပါတယ်။ ကျတော်ကိုယ်တိုင်လဲ ဒီ investing စတိုင်ကို စိတ်ဝင်စားတာကြောင့် လွန်ခဲ့တဲ့ 4 နှစ်လောက်ကစပြီး စတင်လေ့လာ အသုံးပြုခဲ့ပါတယ်။ အကျိုးအမြတ်အနေနဲ့ ကတော့ ကိုယ်တိုင် အပင်ပန်းခံ ပြီး Research လုပ် Analyze လုပ်ပြီး ရွေးချယ်ဝယ်ယူခဲ့တဲ့ Stock တွေလောက်တော့ အမြတ်မရခဲ့ ပေမယ့် ကျွန်တော့အနေနဲ့ကတော့ ကိုယ့်ကြိုးစားမှုသိပ်မပါဘဲ Robo-investing account တွေမှာ ပိုက်ဆံထည့်ထားရုံနဲ့ ရခဲ့တဲ့ အကျိုးအမြတ် % က မဆိုးဘူး တန်တာထက်ကို ပိုတယ်လို့ မြင်မိပါတယ်။ ပြန်တွက်ကြည့်မိသလောက် ဒီ 4 နှစ် အတွင်း Robo-advisors တွေကရခဲ့တဲ့ အမြတ်က အဲဒီ ပိုက်ဆံတွေကို မြန်မာပြည်က ဘဏ်မှာ အပ်ခဲ့ရင် ရနိုင်မယ့် စာရင်းသေအတိုးနှုန်းထက်တောင် ပိုမြတ်ခဲ့ပါတယ်။

အခုထိလဲ ကျတော့ investment တစ်ချို့ကို Robo-advisors တွေမှာဆက်လက် invest ထားဆဲပါပဲ။ ကျတော် အသုံးပြုခဲ့ဖူးတဲ့ Robo-advisors တွေထဲကမှ ကျတော့်အတွေ့အကြုံအရ monthly fees အနဲဆုံး(less than $5 per month) နဲ့ သုံးရတာ အကြိုက်အတွေ့ဆုံး Robo-Investing Broker တွေကို Sign up လုပ်ပြီး Bonus money ရယူနိုင်မယ့် Link တွေကို အောက်မှာ ဖော်ပြထားပါတယ်။ အဲ့ link တွေကနေ ဝင်ပြီး Account sign-up လုပ်ကာ Account approved ဖြစ်ဖြစ်ချင်း $10 လောက် စတင် invest လုပ်တာနဲ့ Sign-up bonus ကိုရ ရှိမှာဖြစ်ပါတယ်။ ကိုယ်စစချင်း invest လုပ်တဲ့ $10 ကိုလဲ အနဲဆုံး 1 လ လောက် account ထဲမှာ invest ပြီးတာနဲ့ အဲ broker ကို သုံးရတာမကြိုက်ရင် ကိုယ်လိုချင် တဲ့ အချိန်ပြန်ထုတ်ယူ လို့ရပါတယ်။ Good Luck and get more and more profits

*Best overall Robo-advisor(*My choice) Acorns (Very Easy to use and simple) Link to get sign-up bonus - https://acorns.com/invite/4ZKTY8

*Best for experienced investor M1 Finance ( $50 sign-up bonus) Link to get $50 sign-up bonus - https://m1.finance/kerluSJKczjo

*Best for investing by Sector Stash ($20 sign-up bonus) Link to get $20 sign-up bonus - https://get.stash.com/kyaw_2g6lwtf

*Best to buy just some % of a share of the company Robinhood (most popular stock broker in the US and new in Robo-investing technology) Link to get 1 free stock by signing-up - http://join.robinhood.com/kyawa1


52 views0 comments

Recent Posts

See All

Comentários


bottom of page