Lewis aung
Things to prepare for the market correction
Updated: Sep 20, 2021

US government က Lock-down ပြန်မလုပ်ပါဘူးလို့ အခိုင်အမာပြောနေပေမယ့်လဲ တစ်ကမ္ဘာလုံးမှာ Covid Delta ရဲ့ ပြန့်နှံ့နှုန်းဟာ အလွန့်အလွန်ကို လျင်မြန်နေတာက တစ်ကြောင်း၊ Vaccine 2 လုံးထိုးပြီးသားသူတွေတောင် ပြန်ကူးနေတာကတစ်ကြောင်း အပြင် အခု Index တွေရဲ့ အညွန်းကိန်းတွေဟာ Peak-level မှာရောက်နေပြီဖြစ်တာကြောင့် မကြာခင် Market Correction ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။
အထူးသဖြင့် အခုနှစ်အတွင်း Covid Recovery + ရေနံဈေး မြင့်တက်မှူတွေကြောင့် ဈေးအမြင့်ပိုင်းကို ရောက်နေကြပြီဖြစ်တဲ့ Oil and Gas Company တွေကို လောလောဆယ် လက်ရှောင်ထားတာ မမှားပါဘူး။
Good news တွေအတွက် စတော့လောကရဲ့ ဆိုရိုးစကားတစ်ခုဖြစ်တဲ့ “Buy the rumor, Sell the news” ဆိုတဲ့အတိုင်း အခုလာမယ့် Bad news တွေအတွက် ပြောင်းပြန် ကြိုတင်ပြင်ဆင်ထား သင့်ပါတယ်။ အစိုးရက သူ့ဟာသူ Lockdown ပြန်ချတာမချတာထက် Lockdown ပြန်ချရင်ချနိုင်တယ်ဆိုတဲ့ Investors တွေရဲ့ Fear ကြောင့် Stock Market တစ်ခုလုံးကို ရိုက်ခတ်နိုင်ခြေရှိပါတယ်။
လောလောဆယ် နောက်မကျသေးခင် အမြတ်သိမ်းသင့်တဲ့ Stock ကိုသိမ်း၊ Correction အတွက် Safe-side အနေနဲ့ High နေတဲ့ Sectors တွေက Stock တွေကို Low Sectors က Stocks တွေနဲ့ Position rebalance ကြိုလုပ်ရင်လုပ်ထား တာအကောင်းဆုံးပါ။
အားလုံးအဆင်ပြေကြပါစေ။ #LewisAung (Lewis Aung Taxes & Insurance)