top of page
Search
  • Writer's pictureLewis aung

Stock Broker Review (4)

Firstrade (My rating = 4 out of 5 🌟) (စိတ်အချရဆုံး Broker)




ဒီတစ်ပတ် Review ပေးမယ့် Stock Broker ကတော့ Online Trading လောကကို စတင်ခဲ့တဲ့ ဗွေစော်ဦး Stock Broker တွေထဲက တစ်ခုဖြစ်တဲ့ Firstrade ဆိုတဲ့ Broker အကြောင်းပဲဖြစ်ပါတယ်။ Firstrade ဆိုတာ 1985 ခုနှစ်ထဲက Stock Broker တစ်ခုအနေနဲ့ ယနေ့ထိတိုင်တည်ရှိနေပြီး 1997 ခုနှစ်ထဲက Online Trading လောကကို စတင်ကူးပြောင်းခဲ့တဲ့ ဦးဦးဖျားဖျား Broker တွေထဲက တစ်ခုဖြစ်ပေမယ့်လဲ ကျတော်တို့ Myanmar Investors တွေကြားထဲမှာတော့ အသုံးပြုသူ နည်းလှပါတယ်။


အဲ့ဒါကြောင့် ဒီ Broker လေးကို ကျတော်တို့ မြန်မာရင်းနှီးမြုပ်နှံသူတွေနဲ့ မိတ်ဆက်ပေးရေး ဒီ Broker ရဲ့ အားနည်းချက်၊ အားသာချက်များကို ကျတော် တစ်ချက်ချင်း ရှင်းပြပေးသွားပါမယ်။


#အားသာချက် - ၁ ( Safety )


ရင်းနှီးမြုပ်နှံဖို့ Broker တစ်ခုကို ရွေးချယ်မှုပြုလုပ်ရာမှာ အရေးအကြီးဆုံး အချက်က ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေ လုံခြုံစိတ်ချရဖို့ပါ။ Firstrade ဟာ အခုဆိုရင် Stock Broker လောကမှာ နှစ်ပေါင်း ၄၀ နီးပါးလောက် နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တဲ့ Broker တစ်ခု ဖြစ်ပြီး Account hack ခံရတာတွေ၊ ကိုယ့်အမှားကြောင့်မဟုတ်ဘဲ Broker ရဲ့အားနည်းချက်ကြောင့် ရင်းနှီးမြုပ်နှံမှုတွေ ဆုံးရှုံးခဲ့ရတဲ့ Record ဆိုတာ မရှိသလောက် အတေယ်ကိုရှားပါတယ်။ အဲဒါကြောင့် Safety first ဆိုတာ စကားအတိုင်း Firstrade ဟာ အခြား Stock Broker တွေနဲ့ ယှဉ်ကြည့်ရင် အတော်ကို ယုံကြည်စိတ်ချရတဲ့ Broker တစ်ခု ဖြစ်ပါတယ်။


#အားသာချက် - ၂ (Commission Free Trading)


Firstrade ဟာအခြား နာမည်ကြီး Affordable Broker တွေဖြစ်တဲ့ Robinhood တို့ Webull တို့နည်းတူ Commission Free Broker တစ်ခုဖြစ်ပါတယ်။


#အားသာချက် - ၃ (Option Trading)


Firstrade မှာ Stock တင်မကဘဲ Option ကော ETF တွေကိုပါ Commission တစ်ပြားတစ်ကျပ်မှ ပေးစရာမလိုပဲ Free Trading ပြုလုပ်လို့ရနိုင်ပါတယ်။


#အားသာချက် -4 (Retirement Account)


နာမည်ကြီး Robinhood မှာ အခုအချိန်ထိ အခွန်သက်သက်သာသာနဲ့ Trading ပြုလုပ်နိုင်မယ့် အကောင့်အမျိုးအစားတွေဖြစ်တဲ့ Traditional IRA, Roth IRA account တွေ အသုံးပြုခွင့်မရသေးချိန်မှာ Firstrade မှာတော့ Traditional IRA, Roth IRA အပြင် အခြား Account အမျိုးအစားတွေကိုပါ ဖွင့်လို့ရနိုင်ပါတယ်။


#အားသာချက် - ၅ ( Education and Research Tool)


Firstrade ရဲ့ Mobile Trading application ဟာ အလွန် အသုံးပြုရတဲ့ လွယ်ကူရိုးရှင်းပေမယ့် Research နဲ့ Education ပိုင်းလေးလာဖို့ဆိုရင်တော့ Firstrade ရဲ့ Website ကိုသွားရပါမယ်။ တကယ်ကို စုံလင်လှတဲ့ သတင်းတင်ဆက်မှုတွေ၊ Research Tool ၊ Education Tool တွေကို Firstrade ရဲ့ Web Trading Platform မှာ အသုံးပြုလို့ရပါတယ်။


#အားနည်းချက် - ၁ ( No Fractional Share)


Firstrade ရဲ့ ပထမဦးဆုံး အားနည်းချက်ကတော့ Robinhood တို့ M1 Finance တို့လို တစ်ရှယ်ယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Fractional Share တွေဝယ်လို့မရ နိုင်တာပါ။ Firstrade မှာ ရှယ်ယာဝယ်မယ်ဆိုရင်တော့ တစ်ရှယ်ယာလုံးအပြည့်ဝယ်ရပါမယ်။


#အားနည်းချက် - ၂ ( No Crypto Trading )


Firstrade ဟာ Crypto-Currency ရောင်းဝယ်ခွင့်မပေးတဲ့ Broker တွေထဲက တစ်ခုပါ။


#အားနည်းချက် - ၃ ( Charting)


Technical Trader တွေရဲ့ အဓိက လက်နက်ဖြစ်တဲ့ Charting ပိုင်းမှာတော့ Firstrade ဟာ Robinhood လိုပဲ အားနည်းပါတယ်။ သို့သော်လည်း Day Trader တွေတော်တော်များများက Advanced charting features တွေကို ဝယ်သုံးကြတာ ဖြစ်တာကြောင့် Trade Executing speed အလွန်မြန်တဲ့ Firstade ဟာ Day Trader တွေအတွက် အသုံးပြုရတာ အကြိုက်တွေ့စေမှာပါ။


#အားနည်းချက် - ၄ ( Customer Service )


Commission Free Broker ဖြစ်တာကြောင့် အခြား Affordable Broker တွေနည်းတူ ဝန်ထမ်းအင်အား လျော့ချထားရတဲ့ အတွက် Customer Service ကို ဆက်သွယ်မှု ပြုလုပ်လိုလျှင် အချိန်တော့ အနည်းငယ် ကြန့်ကြာနိုင်ပါတယ်။


#အားနည်းချက် - ၅ ( Expensive Margin interest rate)


Margin player တွေအတွက်တော့ Margin အတိုးနှုန်း မြင့်တာကြောင့် အနည်းငယ် အခက်တွေ့စေမှာပါ။ Firstrade ရဲ့ Margin Interest Rate ဟာ ဒေါ်လာ 25000 အောက်ဆိုရင် 8.75% ဖြစ်ပါတယ်။


အနှစ်ချုပ် အနေနဲ့ကတော့ Firstrade ဟာ ဈေးသက်သက်သာသာနဲ့ အသုံးပြုရလွယ်ကူပြီး ကိုယ့်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် လုံခြုံစိတ်ချရတဲ့ Stock Broker တစ်ခုဖြစ်ပါတယ်။ ကျတော့်ရဲ့ ကိုယ်ပိုင် Rating အနေနဲ့ကတော့ 4 out of 5 🌟 ပေးပါတယ်။


အောက်ပါLink ကိုနှိပ်ပြီး Firstrade မှာ အကောင့်ဖွင့်ကာ Free Stock 2 ခုရယူပါ -


https://share.firstrade.com/KYAWHOTY


#LewisAung ( Lewis Aung Taxes & Insurance )


30 views0 comments

Comments


bottom of page