top of page
Search
  • Writer's pictureLewis aung

Stock Broker Review (3)

Updated: Sep 20, 2021

Robinhood ( Beginner တွေအတွက် သုံးရတာအလွယ်ကူဆုံး Broker ) [My rating = 3.5 out of 5 Stars ]




Robinhood ဆိုတာ အရင်က Commission ကြေးကြီးလွန်းတာကြောင့် တော်ရုံBeginner တွေ ရင်းနှီးမြုပ်နှံမှုပြုလုပ်ဖို့ မလွယ်တဲ့ US စတော့ Trading လောကကို ကုန်ကျစားရိတ် သက်သက်သာသာနဲ့ စတော့ရှယ်ယာတွေ ရောင်းဝယ်မှုပြုလုပ် နိုင်အောင် Commission Free Trading ဆိုပြီး Revolution ပြုလုပ်ခဲ့တဲ့ Company ပေါ့။ Robinhood ကြောင့်ပဲ လူငယ်တွေ စတော့ဈေးကွက်ထဲ ဝင်ရောက်လာနိုင်ကြသလို၊ Trader တွေဆီက Commission စားပြီး သာယာနေကြတဲ့ အခြားသော နာမည်ကြီး Stock Broker တွေကိုပါ အချိန်တိုလေးအတွင်းမှာ Commission Free ဖြစ်သွားစေခဲ့ပါတယ်။


ကျတော်ကိုယ်တိုင်လဲ Robinhood ကိုစတင်အသုံးပြုလာတာ အခုဆိုရင် ၇ နှစ်ရှိပြီမို့ ကိုယ့်ရဲ့ Experience အရ သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ တစ်ခုချင်းဆီကို Review လုပ်ပေးသွားပါမယ်။


#အားသာချက်-1 (Free Trading for both Stock and Crypto-Currency)

Robinhood မှာ Stock ရှယ်ယာ အရောင်းအဝယ်လုပ်မယ်ဆိုရင် ဘာ Commision မှပေးစရာမလိုပါ။ Crypto-Currency အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင်လဲ တစ်ခြား Coin-Wallet တွေလို Fee ပေးစရာမလိုပဲ Robinhood မှာ လွယ်ကူ၊ သက်သာစွာ အရောင်းအဝယ်ပြုလုပ်လို့ရပါတယ်။


#အားသာချက်-2 (Easy to use)

Robinhood ဟာ ကျတော်အသုံးပြုခဲ့ဖူးတဲ့ Stock Broker တွေထဲမှာတော့ တကယ့်ကို Simple အဖြစ်ဆုံးနဲ့ အသုံးပြုရတာ အလွယ်ကူဆုံးပါ။ အထူးသဖြင်​့ Robinhood ရဲ့ ဖုန်း Application တည်ဆောက်ပုံပါ။ တကယ်ကို Mobile Friendly ဖြစ်လှပါတယ်။ Stock Trading ပညာကို သင်ယူချင်တဲ့ Beginner တွေအတွက်တော့ တကယ်ကို အဆင်ပြေတဲ့ Broker ပါ။


#အားသာချက်-3 (No minimum deposit)

Robinhood မှာ Account ထဲမှာ ထည့်ရမယ့် အနဲဆုံး ငွေပမာန သတ်မှတ်ချက်မရှိပါဘူး။ ဒါပေမယ့် Margin အသုံးပြုလိုသူတွေအတွက်တော့ အနဲဆုံး $2000 အထက်ရှိရပါမယ်။


#အားသာချက်-4 ( Fractional Share )

Robinhood မှာ ကျတော်ကြိုက်တဲ့ အချက်က ကျတော် ရှေ့တစ်ခေါက်က Review ရေးထားတဲ့ M1 Finance လိုပဲ ရှယ်ယာတစ်ခုလုံး အပြည့်ဝယ်စရာမလိုပဲ ကိုယ်ဝယ်ချင်သလောက်ငွေပမာန တစ်ခုကို Fractional Share အနေနဲ့ ဝယ်လို့ရနိုင်ပါတယ်။

M1 Finance Review ကိုတော့ ဒီမှာ ဖတ်ပါ - https://www.lewisaung.com/post/stock-broker-review-2


#အားသာချက်-5 ( Simple Option Trading )

ကျ​တော်အသုံးပြုခဲ့ဖူးတဲ့ Broker တွေထဲမှာတော့ Option Trading မှာ Robinhood ရဲ့ App တည်ဆောက်ပုံဟာ အရမ်းကို လွယ်ကူ၊ရိုးရှင်းပါတယ်။ သို့ပေမယ့် Advance Data တွေ အသေးစိတ်ကျမှုတွေအပိုင်းမှာတော့ အားနည်းပါတယ်။ Option Beginner တွေအတွက်တော့ မဆိုးဘူးလို့ပဲ ညွှန်းပါရစေ။


#အားနည်းချက်-1 (No Retirement Account)

Robinhood မှာ ရွေးချယ်စရာ Account Type အလွန်နဲပါတယ်။ Traditional IRA, Roth IRA စတဲ့ Retirement account တွေကိုတော့ Robinhood အခုချိန်ထိ ဖွင့်လို့မရသေးပါဘူး။ သို့သော် သိပ်မကြာခင်မှာ Robinhood က Retirement account တွေပါ ဖွင့်ခွင့်ရတော့မယ်လို့တော့ သတင်းအချို့မှာ တွေ့မိပါတယ်။


#အားနည်းချက် - 2 ( Researching Tools)

Robinhood ရဲ့ အဓိကအားနည်းချက်က Trader တွေအတွက် အသက်လို့ပြောလို့ရတဲ့ Education ပိုင်းနဲ့ Research ပိုင်းမှာ အတော်လေးကို အားနည်းတာ တွေ့ရပါတယ်။ သတင်းအချက်အလက် ရှာဖွေနိုင်မှုပိုင်းမှာလဲ အားနည်းသလို၊ တစ်ချို့ Market Data အမှားများကိုလဲ မကြာခဏ တွေ့မြင်ရပါတယ်။ ဥပမာ- Robinhood မှာ Company တစ်ခုရဲ့ Market-Cap ကတကယ့် လက်ရှိ Market-Cap နဲ့ လွဲနေတာမျိုး စတဲ့ ကိန်းဂဏန်း အချက်အလက် မတိကျမှုတွေ ရှိပါတယ်။


#အားနည်းချက် - 3 ( Charting)

Robinhood မှာ အရင်က Line-Chart တစ်ခုထဲကိုသာ အသုံးပြုလို့ရပါတယ်။ အခုနောက်ပိုင်းတော့ Candlestick Chart ကိုပါ အသုံးပြုလို့ရနေပါပြီ။ သို့သော်လဲ အရမ်းအသေးစိတ်ကျကျ (ဥပမာ- 5 minutes Chart) အသုံးပြုလို့မရနိုင်ပါ။ Robinhood မှာ 1 day Chart ကနေ အများဆုံး 5 years Chart အထိသာ ကြည့်လို့ရတာကြောင့် Company တစ်ခုရဲ့ History တစ်ခုလုံးကို Analyze လုပ်ရတာ မလွယ်သလို Technical Trader တွေအတွက်လဲ Robinhood Charting က Totally Useless ပါ။ Day-Trader တွေ အတွက် တကယ်တိုင်ပတ်စေပါတယ်။ Charting ပိုင်းမှာတော့ တစ်ခြား Low Cost Trading Broker ဖြစ်တဲ့ Webull ကတောင် Robinhood ထက်အများကြီး သာပါတယ်။

Webull ရဲ့ Review ကိုဒီမှာ ဖတ်ပါ - https://www.lewisaung.com/post/https-www-facebook-com-lewis-aung-taxes-financial-109982987266032


#အားနည်းချက် - 4 (Security)

Stock Broker ဆိုတာ ဘဏ်တွေလိုပဲ လူတွေရဲ့ ချွေးနည်းစာတွေကို ယုံကြည်စိတ်ချစွာ ရင်းနှီးမြုပ်နှံနိုင်တဲ့ နေရာတစ်ခုပါ။ သို့သော်ငြားလဲ အခုနောက်ပိုင်း Robinhood Brokerage account Hack ခံရတဲ့ သတင်းတွေ ခပ်စိတ်စိတ်ကြားလာရပါတယ်။ နောက်တစ်ချက်က Robinhood ရဲ့ ဦးဆောင်သူတွေကိုယ်တိုင် Professional မကျတဲ့ လုပ်ရက်တစ်ချို့ကိုလဲ အံ့ဩမှင်သက်စွာ မြင်တွေ့ခဲ့ရပါတယ်။ AMC တို့ GME တို့မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေပေါ့ဗျာ။ ဒီပြဿနာတွေကိုတော့ ရှည်ရှည်ဝေးဝေးရှင်းပြစရာလိုမယ် မထင်ပါဘူး။ တော်တော်များများလဲ ကြားဖူးကြမှာပါ။


#အားနည်းချက် - 5 (Limited Customer Support)

ကိုယ့်ရဲ့ Brokerage account မှာ ပြဿနာ တစ်စုံတစ်ရာ တက်ခဲ့သည်ရှိသော် မပြီးနိုင်၊ မစီးနိုင်၊ လိုရင်းမရောက်၊ မထိရောက်တဲ့ Robinhood ရဲ့ Customer Service နဲ့ ရင်ဆိုင်ဖြေရှင်းရပါမယ်။ Customer Support အပိုင်းကတော့ အခုမှ Publicly Traded Company အဖြစ်ကူးပြောင်းခဲ့တဲ့ Robinhood အတွက် Investor တွေရဲ့ယုံကြည်မှုရအောင် Improve ဖြစ်အောင်လုပ်ကို လုပ်ရပါလိမ့်မယ်။


အနှစ်ချုပ်အနေနဲ့ကတော့ Robinhood ဟာ Experienced Trader တွေအတွက် အားနည်းချက်တွေရှိပေမယ့်လည်း ကုန်ကျစရိတ်သက်သာပြီး၊ အသုံးပြုရတာ အလွန် လွယ်ကူရိုးရှင်းတာကြောင့် Beginner တွေအတွက် Stock Trading လောကထဲ စတင်ဝင်ရောက်ဖို့ အတွက် အလွန် အသုံးတည့်မယ့် Brokerage တစ်ခုဖြစ်ပါတယ်။

ကျတော့ ကိုယ်ပိုင် Rating အနေနဲ့ Robinhood ကို 3.5 stars out of 5 stars ပေးပါတယ်။


Robinhood Account ဖွင့်ချင်သူတွေ အောက်ပါ Link ကနေဝင်ရောက် Account ဖွင့်ပြီး $1-$500 တန်ကြေးရှိတဲ့ Stock bonus ကိုရယူပါ - https://join.robinhood.com/kyawa1


#LewisAung (Lewis Aung Taxes & Insurance)

104 views0 comments
bottom of page