top of page
Search
  • Writer's pictureLewis aung

Traditional IRA & Roth IRA

Updated: Sep 20, 2021


Day Trader တွေ၊ Swing Traderတွေ ပင်စင်အတွက်ရည်ရွယ်ပြီး ရင်းနှီးမြုပ်နှံချင်သူတွေအတွက် အခွန်ကင်းလွှတ်ခွင့် ရနိုင်မယ့် Traditional IRA & Roth IRA

IRA ဆိုတာ Individual Retirement Account ရဲ့အတိုကောက်ပါ။ အလွယ်ဆုံးပြောရရင် ပင်စင် Account ပေါ့ဗျာ။ တစ်ခုသတိထားရမှာက လူတော်တော်များများက IRA account ကို ပုံမှန် benefits ကောင်းတဲ့ အလုပ်တွေက ပေးတဲ့ 401(k) plan နဲ့ ရောတတ်ကြတယ်။ တကယ်တော့ IRA နဲ့ 401(k) နဲ့က တူသယောင််နဲ့ ကွဲပြားပါတယ်။ သို့သော်တူညီတာတစ်ခုကတော့ ကိုယ့် အသက် 59 နှစ်ခွဲမတိုင်ခင် withdraw လုပ်မယ်ဆိုရင်တော့ 10% additional tax penalty ပေးရပါမယ်။

သာမှန်အားဖြင့် IRA account 2 မျိုးရှိပါတယ်။ တစ်ခုက Traditional IRA၊ နောက်တစ်ခုက Roth IRA လို့ခေါပါတယ်။ 2မျိုး စလုံးမှာ မတူညီတဲ့ အားသာ ချက် ကိုယ်ဆီရှိကြပါတယ်။ US Green card holder or US Citizen တိုင်း ဒီ Acc နှစ်ခုလုံးကို ပိုင်ဆိုင်ခွင့် ရှိပါတယ်။ သို့သော် ဒီ Acc တွေထဲကို ပိုက်ဆံကိုထည့်ချင်သလောက်ထည့်ခွင့်မရှိပါဘူး။ 2020 IRA contribution limit အရ အသက် 50 အောက် လူတစ်ယောက်က $6000 per year ထည့်ခွင့်ရှိပြီး အသက် 50 အထက်ဆိုရင် $6000+$1000 Total $7000 အများဆုံး Contribute ခွင့်ရှိပါတယ်။ တစ်ကောင့်ကို $6000 ထညိ့ခွင့်ရှိတာ မဟုတ်ပဲ 2 ကောင့်ပေါင်း Total $6000 Max ပါ။ *ကိုယ် deposit လုပ်မယ့် ပိုက်ဆံဟာ ဒီ Tax year တစ်ခုအတွင်း အရားဝင် အလုပ်ကရတဲ့ income ဖြစ်ရပါမယ်။ အလုပ်မှာ 401(k) plan ရှိထားပြီးတဲ့သူတွေလဲ IRA acc ထဲ ပိုက်ဆံထည့်ခွင့်ရှိပေမယ့် Limit တော့ ကိုယ့် plan ပေါမူတည်ပြီး ပိုနဲပါလိမ့်မယ်။

IRA account တွေထဲမှာ stock trade ခြင်းဖြင့် ရရှိနိုင်သော Tax benefits များ

  • ပုံမှန် brokerage account ထဲမှာ stock အရောင်းအဝယ်လုပ်မယ်ဆိုရင် ကိုယ်ဝယ်ထားတဲ့် stock တစ်ခုကို အမြတ်နဲ့ ရောင်းလိုက်တာနဲ ့ acc ထဲကငွေကို အပြင်ထုတ်ထုတ် မထုတ်ထုတ် short-term capital gain tax (up to 37%) or Long-term capital gain tax (15%,20%) ကို နှစ်ကုန်တာနဲ့ အခွန်ချက်ချင်း ဆောင်ရမှာဖြစ်ပါတယ်။

  • သို့သော် IRA account တွေထဲမှာ အရောင်းအဝယ် လုပ်မယ်ဆိုရင်တော့ Account ထဲမှာ အရောင်းအဝယ် ဘယ်နှကြိမ်လုပ်လုပ် အမြတ်ဘယ်လောက်ရရ IRA account ထဲက ငွေကို အပြင်မထုတ်မချင်း အခွန် တစ်ကျပ်မှ ပေးစရာလိုမှာ မဟုတ်ပါဘူး။

  • ငွေကို withdraw လုပ်ရာမှာလဲ Roth IRA ဆိုရင် အသက် 59 နှစ်ခွဲ ပြည့်တဲ့ အချိန်မှာ ကိုယ်ကြိုက်သလောက် အခွန် free နဲ့ထုတ်ခွင့်ရမှာ ဖြစ်ပြီး Traditional IRA ဆိုရင်လည်း အသက် 59 နှစ်ခွဲပြည့်ပြီး Retire ယူပြီးတဲ့ အချိန်မှ ထုတ်ရင် အခွန်သက်သက်သာသာနဲ့ ထုတ်ခွင့်ရမှာဖြစ်ပါတယ်။

  • ဒီကြားထဲ ငွေ အရေးပေါလိုလို့ အသက် 59 နှစ်ခွဲ မတိုင်ခင် withdraw လုပ်မည်ဆိုပါက ကိုယ့် marginal tax rate + ကိုယ် withdraw တဲ့ငွေပမာနရဲ့ 10% ကို Early withdrawal penalty တော့ပေးရမှာဖြစ်ပါတယ်။ သို့သော် ဒီငွေကို ကိုယ့် ကျန်းမာရေးအတွက်ဖြစ်စေ၊ ပညာရေးအတွက်ဖြစ်စေ သုံးမည်ဆိုပါက Early withdrawal penalty ကို ပေးစရာမလိုပါဘူး။

ဥပမာဒီနှစ်ဆိုရင် US အစိုးရမှ Covid related expenses တွေအတွက် ကူညီတဲ့အနေနဲ့ IRA acc တွေထဲကနေ up to $100000 အထိ အခွန် free နဲ့ ထုတ်ခွင့်ပေးထားပါတယ်။ ဟိုးအရင်ထဲက IRA account ဖွင့်ပြီး အမြတ်များများရနေတဲ့ သူတွေအတွက်တော့ ဟန်ကျတာ ပေါ့ဗျာ။

ကျနော့်အမြင်ပြောရရင် Trading in the IRA account ဆိုတာ "သိသူဖော်စား မသိသူကျော်သွား” ဆိုတဲ့ စကားပုံအတိုင်းပဲ တရားဝင်နည်းလမ်း ကျကျအစိုးရကိုပေးရမယ့်အခွန်ကို ကိုယ့်အိတ်ထဲ ကိုယ်ပြန်ထည့်နိုင်တဲ့ smart way of investing ပါ။ဒါကတော့ လက်ရှိလောလောဆယ် ကျနော် IRA account ဖွင့်ပြီးအသုံးပြုနေတဲ့ broker တွေပါ။ အောက်က Link တွေထဲကနေ ဝင်ပြီး Acc open တဲ့အခါ Traditional IRA or Roth IRA ဆိုတာကို ရွေးပြီး Open ရုံနဲ့ Account opening bonus များလဲရပါမယ်။

1. ဒီ Sept လအတွင်းမှာ We bull accountဖွင့်ပြီး at least $100 depositရုံနဲ့ $8-$1600 တန်ဖိုးရှိ bonus stock ရယူရန် အောက်ပါ Link မှာ Acc sign-up ပါ

2. Acorns မှ $5 cash bonus ရယူရန်= https://acorns.com/invite/4ZKTY8

3. M1 finance ကနေ $50 Cash bonusရယူရန် = https://m1.finance/kerluSJKczjo


#LewisAung (Lewis Aung Taxes & Insurance)


31 views0 comments

Recent Posts

See All
bottom of page