top of page
Writer's pictureLewis aung

အမေရိကမြေကို စတင်အခြေချမယ့်သူတွေ ရရှိနိုင်သောအခွင့်အရေး နဲ့ အထောက်အပံ့များ။ (၂)

Updated: Sep 20, 2021



နေရာသစ်တစ်ခုမှာ ပြောင်းရွှေ့ အခြေချပြီဆိုလျှင် အရေးအကြီးဆုံးက နေဖို့ နဲ့ စားဖို့ ပါ။ အမေရိကန်အစိုးရရဲ့ နေထိုင်စားရိတ် နဲ့ အစားအသောက် အထောက်အပံ့တွေ အကြောင်း ဒီရှေ့က ဆောင်းပါးမှာ ရှင်းပြထားပြီးဖြစ်လို့ အခု နောက်ထပ် အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကြောင်းကို ဆက်ပြောပြပါမယ်။


အမေရိကန်မှာ မြန်မာပြည်နဲ့ အတော်ခြားနားတာက ကျန်းမာရေးစောင့်ရှောက်မှု စနစ်ပါ။ US မှာ ဖျားနာလျှင် မြန်မာပြည်မှာလို တွေ့တဲ့ ဆေးခန်းပြေးပြလို့ မလွယ်ပါ။ ဒီကလူတိုင်း health insurance လို့ခေါတဲ့ ကျန်းမာရေး စောင့်လျှောက်မှု အာမခံထားရှိရပါတယ်။ 2018 မတိုင်ခင်က ဆိုရင် Health insurance မရှိတဲ့ သူတွေကို နှစ်ကုန် အခွန်ဆောင်တဲ့ အချိန်ကျရင် တစ်ယောက် $695 အထိ ဖက်ဒရယ်အစိုးရက ဒဏ်ငွေကောက်ပါတယ်။ အခုအချိန်မှာလဲ Federalက အဲဒီ ဒဏ်ငွေကို ပယ်ဖျက်ပေးခဲ့ပေမယ့် တစ်ချို့ ပြည်နယ်တွေကတော့ State level မှာဆက်ကောက်နေဆဲပါ။


Health insurance/ကျန်းမာရေးအာမခံ ဆိုတာဘာလဲ? Health insurance ဆိုတာ ကိုယ်ဆေးခန်း ပြပြ မပြပြ လစဉ်ကြေးသွင်းပြီး ဝယ်ရပါတယ်။ Health Insuranceအတွက် ကုန်ကျစားရိတ်က ကိုယ်လိုချင်တဲ့ Coverage limit အပေါမူတည်ပြီး တစ်လ $50 ကနေ ဒေါလာထောင်ကျော်ထိ လစဉ်ပေးသွင်းရပါတယ်။ Coverage ကောင်းရင်ကောင်းသလို ဈေးကြီးပြီး တကယ် ဆေးရုံတက် ခွဲစိတ်ရရင်တောင် လစဉ်ပုံမှန်ပေးရတဲ့ Insurance ကြေးကလွဲပြီး ကိုယ့်အိတ်ထဲက တစ်ပြားတစ်ချပ်မှ အပိုမထွက်ပဲ Insurance က အကုန် cover ပေးနိုင်ကြပါတယ်။ Coverage နဲတာ ဝယ်ထားရင်တော့ လိုတာ ကိုယ့်အိတ်ထဲက စိုက်ရပါမယ်။


US ရဲ့ ကျန်းမာရေး system ကိုကလဲ ကျတော့အမြင်ပြောရရင် ဆေးရုံဆေးခန်းတွေနဲ့ Health Insurance company တွေပေါင်းစားပြီး လူတွေကို Health Insurance မဝယ်ဝယ်အောင်တမင်လုပ်ထားသလိုပါဘဲ။ သာမန် နှာဆေး၊ချောင်းဆိုးလို့ ဆေးခန်းသွားပြရင်တောင် Health insurance မရှိပဲ ဒီတိုင်းကျသလောက် ဖြစ်မှရှင်းမယ်ဆိုရင် ဆေးရုံဆေးခန်းတွေက ဒေါလာ ရာဂဏာန်း၊ထောင်ဂဏာန်းလောက်ကို တောင်းပါတယ်။ Insurance ရှိရင်တော့ ဆေးခန်းတစ်ခါပြရင် Co-pay $50 လောက် or Coverage ကောင်းတာ ဝယ်ထားရင် free ပြလို့ရပါတယ်။ Health Insurance မဝယ်ထားရင်တော့ အဆော်ခံရပြီသာ မှတ်ပဲ။


Anyway, ဒီဆောင်းပါးမှာ ကျတော် အဓိက ရေးချင်တဲ့ အကြောင်းအရင်းက အမေရိကန်အစိုးရရဲ့ ကျန်းမာရေး ထောက်ပံ့မှု အကြောင်းဖြစ်တဲ့ အတွက် Health insurance coverage တွေအကြောင်းတော့ အသေးစိတ် မရှင်းပြတော့ပါဘူး။ ဒီတော့ Health care assistance အကြောင်းဆက်ပြောပါမယ်။


ကုန်ကျစားရိတ် ကြီးမားလွန်းတဲ့ အမေရိကန်မှာ အခုမှ ပြောင်းရွေ့အခြေချ မယ့်သူတွေအတွက် Health Insurance ကြေးကိုပါ လစဉ် ဈေးကြီးပေး ထပ်ဝယ်ရမည် ဆိုလျှင် တစ်ပူပေါ နှစ်ပူဆင့် သလိုဖြစ်ပြီး လုံးလည်ချာလည်လိုက်လာ ပါလိမ့်မယ်။

အဲဒီ အခက်အခဲကို သိတဲ့ အမေရိကန်အစိုးရလဲ ဝင်ငွေနဲလူတန်းစားတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းပေးနိုင်အောင် Medi-Cal လို့ခေါတဲ့ Program ကို ရေးဆွဲထောက်ပံ့ပေးထားပါတယ်။ Medi-Cal programက ကယ်လီဖိုးနီးယားပြည်နယ်အတွက်ပါ။ တစ်ခြား State တွေမှာလဲ အလားတူ program တွေရှိပါတယ်။

Medi-Cal ဆိုတာ ဘာလဲ?


Medi-Cal ဆိုတာကတော့ ဝင်ငွေနဲ လူတန်းစားတွေအတွက် အစိုးရကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပါ။ ဒီ program ကို ဝင်ဖို့ အဓိက သတ်မှတ်ချက်ကတော့ Green Card holder or US Citizen ဖြစ်ရပါမယ်။ နောက်ထပ် အရေးကြီးတာက ကိုယ့်ရဲ့ နှစ်စဉ်ဝင်ငွေပါ။ အစိုးရက ကိုယ့်ရဲ့ နှစ်စဉ်ဝင်ငွေကို Federal Poverty Chart လို့ခေါတဲ့ အမေရိကန်တွေရဲ့ ဆင်းရဲမှု အညွှန်းပြဇယား နဲ့တိုင်းတာပါတယ်။ ကိုယ့်ဝင်ငွေက အဲဒီ ဇယားမှာ 138% နဲ့ သူ့အောက် လျော့နဲနေရင် Medi-cal ကို အခမဲ့ ရပါမယ်။ ကလေးတွေအတွက်က FPL 266% နဲ့ ကိုယ်ဝန်ဆောင် မိခင််တွေအတွက်ကတော့ FPL 213% အသီးသီး သတ်မှတ်ထားပါတယ်။


2021 income limit တွေအရ မိတ်ဆွေက Single ဖြစ်ပြီး နှစ်စဉ် ဝင်ငွေ $17775 နဲ့ အောက်ဆိုလျှင် Medi-Cal အခမဲ့ ရပါမယ်။ ကိုယ့် Household က 2 ယောက်ဆိုလျှင် $24040 နှင့်အောက်၊ 3 ယောက်ဆိုလျှင် $30305 နှင့်အောက်၊ 4 ယောက်ဆိုလျှင် $36570 နှင့်အောက် ဆိုရင် ကျန်းမာရေးစောင့်လျှောက်မှုကို တစ်ပြားတစ်ချပ်မှ မကုန်ပဲ Free ရပါမယ်။ မိသားစုဝင် လေးယောက် အထက်ဆိုရင် တစ်ယောက်ကို $6265 ထပ်ပေါင်းပြီး တွက်ပါ။


ကိုယ့်နှစ်စဉ် ဝင်ငွေက အထက်ပါ amount ထက်များပြားနေလျှင် အစိုးရမှ အခမဲ့ မပေးတော့ဘဲ ကိုယ့်ဖက်က ဝင်ငွေအပေါ မူတည်ပြီး လစဉ်ကြေး ကိုယ့်အိတ်ထဲက စိုက်ရပါမယ်။ နှစ်စဉ်ဝင်ငွေကိုတော့ ကိုယ့်ရဲ့ Tax Return ကိုကြည့်ပြီးသော်လည်းကောင်း၊ အပတ်စဉ်ရတဲ့ Pay check ကိုကြည့်ပြီးသော်လည်းကောင်း ဆုံးဖြတ်ပါတယ်။


Medi-cal အတွက် နောက်ထပ်အရေးကြီးတဲ့ အချက်က ကိုယ့်ပိုင်ဆိုင်မှုပါ။ အရင်တုန်းက သတ်မှတ်ချက်မှာ​တော့ Medi-cal စလျှောက်တဲ့ အချိန်မှာ ကိုယ့် Bank account ထဲမှာ Single ဆိုရင် $2000 ၊ Married ဆိုရင် $3000 ထပ်ပိုရှိလို့ မရပါဘူး။ သို့သော် American Dream ဆိုသည့်အတိုင်း အစိုးရက Medi-Cal eligibility အတွက် အိမ်တစ်လုံးနဲ့ ကားတစ်စီးကိုတော့ ထည့် မတွက်ပါဘူး။ နောက်ပိုင်းကြားရတဲ့ သတင်းအရ Medi-Cal ရဲ့ Rule အသစ်ကြောင့် ဒီ ပိုင်ဆိုင်မှု requirement မရှိတော့ဘူးလို့ ကြားနေရလို့ Medi-cal ရုံးကို ဆက်သွယ်ကြည့်ပေမယ့်100% မ confirm နိုင်ခဲ့ပါ။


Medi-Cal ရဲ့ Coverage တွေက ကျတော့အမြင်ပြောရရင် အတော်ကိုကောင်းပါတယ်။ ပိုက်ဆံပေးဝယ်ရတဲ့ Health Insurance တွေနဲ့ ယှဉ်မယ်ဆိုရင် တစ်လ $500 ကျော်တန်လောက်ကို အခမဲ့ Medi-Cal ရဲ့ Coverage ကကောင်းတယ်လို့ မြင်ပါတယ်။ ဆရာဝန် ပြတာလဲ Medi-Cal ရှိရင် အခမဲ့၊ ဆရာဝန်က ဆေးပေးလို့ ဆေးဆိုင်တွေမှာ ဆေးသွားထုတ်တဲ့ အချိန်မှာလဲ များသောအားဖြင့် အခမဲ့ (တစိချို့ဆေးတွေတော့ ပိုက်ဆံစိုက်ရပါတယ် but စိုက်ရတာ ရှားပါတယ်)၊ နှစ်စဉ် medical check-up တို့ ဘာတို့ လဲ အခမဲ့၊ မျက်စိ ပါဝါတက်လို့ မျက်စိဆရာဝန် သွားပြရင်လဲ တစ်ပြားတစ်ချပ်မှ မပေးရတဲ့ အပြင် Medi-Cal ရှိတဲ့ သူကို ၂ နှစ်တစ်ခါ မျက်မှန်ပါ အလကား လုပ်ပေးပါတယ်။

နောက်ဆုံး ကျန်မာရေး အရမ်း ဆိုးရွားလို့ ခွဲစိတ်ကုသ ရမယ်ဆိုရင်တောင် Medi-Cal ရှိရင် အခမဲ့ပါ။ နှစ်စဉ်ပုံမှန် သွား(teeth) clean တာ၊ သွား အပေါက်ဖာတာ တွေလဲ အခမဲ့ပါ။ သို့သော် သွားစိုက်တာကိုတော့ မ cover ပါဘူး။ ကဲ ဒီလောက်ကောင်းတဲ့ Coverage မျိုးကို ဝင်ငွေနဲ လူတန်းစားတွေ အတွက် အစိုးရက အခမဲ့ ပေးတာဗျာ။


ကံကောင်းတာတစ်ခုက အမေရိကန်ကို အခုမှ စတင်အခြေချ တဲ့သူတွေအတွက် နှစ်စဉ်ဝင်ငွေကြည့်စရာ ဘာအထောက်အထားမှ မရှိတဲ့အတွက် Medi-Cal ကိုသွားလျှောက်တာနဲ့ ကို Automatic ရဖို့ သေချာသလောက် နီးပါးကို ကျိန်းသေပါတယ်။


အဲတော့ ကျတော်အကြံ ပေးချင်တာက US ကို တရားဝင် နည်းလမ်းနဲ့ ရောက်ပြီဆိုတာနဲ့ ကိုယ့် Social Security Card နဲ့ Green Card ကို ကိုင်ပြီးတော့ နီးစပ်ရာ Medi-Cal ရုံးကို အရင်ဆုံး သွားလျှောက်ကြပါ။ နေရာသစ်မှာ စတင်ရုန်းကန်ဖို့၊ ကြိုးစားဖို့ နဲ့ အောင်မြင်ဖို့ အတွက် ကျန်မာရေး ကောင်းဖို့ က အရေးကြီးပါတယ်။


အားလုံး အဆင်ပြေ ကြပါစေ။ #LewisAung (Lewis Aung Taxes & Insurance)




Medi-Cal Program အကြောင်း အသေးစိတ် ဖတ်လိုပါက အောက်ပါ Link ကို နှိပ်ပါ။



243 views0 comments

Comments


bottom of page