top of page
Search
  • Writer's pictureLewis aung

Stock Broker Review (2)

Updated: Oct 5, 2021

M1 Finance ( The Best Broker for Long-term Investors) (My rating = 4 out of 5 Stars )




အားလုံးမင်္ဂလာပါ။ ကျတော်ဒီနေ့ Review ရေးပေးမှာကတော့ စတော့Marketမှာ Long-term investment-ရေရှည်ရင်းနှီီး မြုပ်နှံလိုသူတွေ အတွက် အရမ်းကို အဆင်ပြေပြီး အသုံးတည့်မယ့် M1 Finance ဆိုတဲ့ Online brokerage အကြောင်းပဲ ဖြစ်ပါတယ်။


M1 Financeဆိုတာ အမေရိကန်နိုင်ငံ Chicago မြို့မှာ အခြေတည်ခဲ့ပြီး လောလောဆယ် ဒီ Trading Platformဟာ ရေရှည်ရင်းနှီးမြုပ်နှံသူတွေ ကြားမှာ အတော်လေး နာမည်ကောင်းရနေတဲ့ Broker တစ်ခုဖြစ်ပါတယ်။ ကျတော်ကိုယ်တိုင်လဲ ကျတော့်ရဲ့ ကိုယ်ပိုင် long-term investment တွေအတွက် “M1 Finance” ကို အသုံးပြုနေတာ အခုဆိုရင် 5နှစ်လောက်ရှိနေပြီဖြစ်ပြီး ကျတော်ကိုယ်တိုင်လဲ သုံးရတာ အတော်လေးအဆင်ပြေသလို အကြိုက်လဲတွေ့မိတဲ့ Broker တစ်ခုဖြစ်ပါတယ်။


စတော့တွေကို တော်ရုံမရောင်းဘဲ ကိုယ်လိုချင်တဲ့ ဈေးတစ်ခုရတဲ့အထိ ရေရှည်ရင်းနှီးမြုပ်နှံဖို့အတွက် Broker တစ်ခုကိုရွေးချယ်တဲ့ အခါမှာ Investors တွေအတွက် ရှုထောင့်အမျိုးမျိုးကနေ လေ့လာရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ယုံကြည်ရာ Company တွေရဲ့ စတော့တွေမှာ နောင်ရေးအတွက် အချိန်ကာလတစ်ခုကြာတဲ့အထိ ရင်းနှီးမြုပ်နှံမှုလုပ်မှာကတစ်ကြောင်း၊ Long-term Investor တွေတော်တော်များများက သာမန်Traderတွေထက်ပိုများတဲ့ ငွေပမာန ကြီးကြီး တစ်ခုထည့်ပြီး ရင်းနှီးမြုပ်နှံ့လေ့ ရှိကြတာတွေကြောင့် ကိုယ် အသုံးပြုမယ့် Investment Platform ဟာ စိတ်ချယုံကြည်ရဖို့ အရေးကြီးလှပါတယ်။


ဒါကြောင့် ကျတော် ဒီဆောင်းပါးမှာ “M1 Finance” ရဲ့ အားနည်းချက်၊အားသာချက်တွေကို ကျတော်မြင်မိတဲ့ ရှုထောင့်အမျိုးမျိုးကနေ မိတ်ဆွေတို့ အလွယ်တကူ နားလည်သဘောပေါက် နိုင်စေရန် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။


အားသာချက် 1 - You can trade fractional shares.

M1 Finance မှာ ကျတော်အကြိုက်ဆုံး feature ကတော့ Fractional shares လို့ခေါတဲ့ ကိုယ်ဝယ်ချင်တဲ့ စတော့တစ်ခုကို တစ်share လုံးပြည့်အောင်ဝယ်စရာ မလိုဘဲ ကိုယ်တတ်နိုင်တဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် ကိုယ်ဝယ်ချင်တဲ့ ပမာနတစ်ခုလောက်ကို ကြိုက်သလို ဝယ်ယူပြီး ရင်နှီးမြုပ်နှံလို့ရတာပါ။

ဥပမာ- လက်ရှိ ဒီနေ့ (07,10,2021) Amazon Company ရဲ့ Stock တစ်ရှယ်ယာတန်ကြေး $3717ရှိတယ်ဆိုရင် ကိုယ်က Amazon Company မှာလဲ Invest လုပ်ချင်တယ်၊ $3000 ကျော်လောက်ကိုလဲ စတော့တစ်ခုထဲမှာ မထည့်ချင်ဘူး ဆိုရင် M1 Finance ကနေ ကိုယ်ဝယ်ချင်တဲ့ Stock ကို တစ်ရှယ်ယာလုံးအပြည့်မဟုတ်ဘဲ တစ်ရှယ်ရာရဲ့ တစ်စိတ်တစ်ပိုင်းကို ကိုယ်လိုချင်သလောက် အလွယ်တကူ ဝယ်ယူပြီး ရင်းနှီးမြုပ်နှံလို့ ရပါတယ်။ $3000 တန်ရှယ်ယာရဲ့ 10% ဆို $300၊ 50%ဆို $1500 စသည်ဖြင့်ပေါ့။ ဒီ featureက အခုမှ စတော့ ဈေးကွက်မှာ စတင်ရင်းနှီးမြုပ်နှံမယ့် သူတွေအတွက်တော့ အလွန်ကို အသုံးတည့်မယ့် feature တစ်ခုပါ။


အားသာချက် 2 - No Trading Fees

Broker တစ်ခုကို ရွေးချယ်တဲ့ အခါမှာ စတော့တစ်ခုကို အရောင်းအဝယ် လုပ်တဲ့အခါတိုင်း ပေးရမယ့် ကော်မရှင်ခ ဘယ်လောက် ကုန်ကျမှာလဲ ဆိုတာကို သိဖို့ အရေးကြီးပါတယ်။ M1 Finance မှာတော့ စတော့ ဘယ်နှစ်ခု အရောင်းအဝယ် ပြုလုပ်လုပ် No Commission Fees ပါ။ စတော့အရောင်းအဝယ်အတွက် Broker ကိုတစ်ကျပ်မှ ပေးစရာ မလိုပါဘူး။ ကုန်ကျစားရိတ် သက်သက်သာသာနဲ့ Invest လုပ်ချင်သူတွေအတွက်တော့ အကောင်းဆုံးပေါ့ဗျာ။


အားသာချက် 3 - Can create your own pies or follow expert’s pie or combine both of it in 1 account


ဒီတစ်ခုကလဲ M1 Finance မှာ ကျတော်အကြိုက်ဆုံး feature တစ်ခုပါ။ M1 Finance မှာ ကိုယ်ပိုင် Research လုပ်ပြီး ကိုယ်လိုချင်တဲ့ Individual stock or ETF တွေကို ကြိုက်သလိုဝယ်ယူနိုင်သလို တစ်ခြား Broker တွေထက် အားသာတဲ့ အချက်က Automated Financial Advisor တွေလို သူတို့ရဲ့ plan တွေအတိုင်းလိုက်ပြီး Invest လုပ်လို့လဲရသလို နာမည်ကြီး Holding Groups or Hedge Funds တွေဖြစ်တဲ့ Warren Buffett ရဲ့ Berkshire Hathaway တို့ Tiger Global Management တို့အပြင် အခြား နာမည်ကြီး Hedge Fund တွေရဲ့ Investment plan တွေအတိုင်းလဲ တသွေမတိမ်းလိုက်ပြီး Invest နိုင်တာကြောင့် M1 Finance ကို Hybrid Robo investing platform လို့တောင် ပြောလို့ရနိုင်ပါတယ်။


အားသာချက် 4 - Research Tools

ရင်းနှီးမြုပ်နှံမှုတစ်ခု လုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးက ကိုယ် ဘယ် Company မှာ Invest သင့်သလဲ၊ ဘာကြောင့် Invest သင့်တာလဲ၊ ငွေဘယ်လောက် အဲဒီ Company မှာ အချိန်ဘယ်လောက် ကြာအောင် ရင်းနှီးမြုပ်နှံရင် ဘယ်လောက်အကြိုးအမြတ်ရနိုင်မလဲဆိုတာကို မှန်းဆ တွက်ချက် နိုင်ဖို့ အတွက် Research Tools တွေဟာ အလွန်ကို အရေးကြီးလှပါတယ်။ M1 Finance ရဲ့ Research Tools တွေအကြောင်းကိုတော့ တစ်ခုချင်း အသေးစိတ်ရေးရင် ဒီ ဆောင်းပါး အလွန်ရှည်သွားနိုင်သောကြောင့် ကိုယ်တိုင်သာ M1 Finance မှာ Account ဖွင့်ပြီး လေ့လာဆန်းစစ် ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။


အားသာချက် 5 - Low Margin Interest Rate


Margin ကိုသုံးပြီး ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့လဲ M1 Finance က အကောင်းဆုံး ရွေးချယ်မှုလို့ ကျတော်ထင်ပါတယ်။ M1 Finance ရဲ့ Margin Interest Rate က only 3.5% ပါ။ အခြား နာမည်ကြီး Broker တွေမှာတောင် Margin Interest Rate က 5-10% လောက်ပုံမှန်ပေးရတဲ့ အချိန်မှာ M1 Finance မှာ 3.5% နဲ့ Margin borrow လို့ရနိုင်ပါတယ်။ ဒီ Rate ဟာ Broker တွေထဲမှာ အတော်ကိုသက်သာတဲ့ အတိုးနှန်းလို့ ပြောလို့ရနိုင်ပါတယ်။ M1 Plus ကို upgrade လုပ်မယ်ဆိုရင်တော့ Margin Interest Rate as low as 2% rate အထိသက်သာ ပါတယ်။


ဒီအပေါ်က 5 ချက်ဟာ ကျတော် Investor တွေအတွက် အရေးအကြီးဆုံးဖြစ်မယ်လို့ ထင်တဲ့ အားသာချက်တွေကိုသာ သီးသန့် ဆွဲထုတ်ပြီးရေးထားတာဖြစ်ပါတယ်။ အခြား အားသာချက်တွေ လဲများစွာကျန်ရှိနေပါသေးတယ်။ ကဲ အားနည်းချက်တွေ အကြောင်းကို ဆက်ပြောရအောင်။


အားနဲချက် 1 - Only one Trading Window per day (2 for M1 plus user) ( No Pre-Market or After-Market Trading)


ဒီတစ်ချက်ကတော့ ကျတော် မကြိုက်ဆုံးတစ်ချက်ပါ။ M1 Finance ရဲ့ အဓိက Targeted customer တွေက Long-term Investor တွေဖြစ်လို့ Normal M1 Finance account မှာ တစ်ရက်ကို အရောင်းအဝယ် တစ်ကြိမ်သာ 9:30 am EST Time မှာလုပ်ခွင့်ရှိပါတယ်။ Morning Trade Window လို့ခေါ်ပါတယ်။

M1 Plus မှာဆိုရင်တော့ တစ်ရက် ၂ ကြိမ် Morning Trade Window (9:30 am EST) နှင့် Afternoon Trade Window ( 3pm EST) မှာ အရောင်းအဝယ် လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။ Day-Trading သမားတွေအတွက်တော့ ဒီ Broker က အဆင်မပြေနိုင်ပါဘူး။



အားနဲချက် 2 - No Option Trading/No Forex/ No Crypto

M1 Finance မှာ Only Stocks and ETF တွေကို Invest လုပ်လို့ရနိုင်ပါမယ်။


အားနဲချက် 3 - No Limit Order


M1 Finance မှာ other Online Trading Platform တွေလို ကိုယ်ဝယ်ချင်/ရောင်းချင်တဲ့ Stock ဈေးကို အတိအကျ Limit order လုပ်လို့မရပါဘူး 9:30 am Market စဖွင့်တဲ့ ဈေးနဲ့ အရောင်းအဝယ် လုပ်ရမှာဖြစ်ပါတယ်။ Afternoon Trade Window ဆိုရင် 3 pm EST Time ရဲ့ ပေါက်ဈေးပါ။


ဒါကတော့ M1 Finance Investing Platform မှာကျတော် မကြိုက်ဆုံး အချက် (3)ချက်ပါ။



Conclusion

Conclusion အနေနဲ့ ပြောရရင်တော့ M1 Finance ဟာ Long-term investor တွေအတွက် အတော်လေး စိတ်ချယုံကြည်ရပြီး တကယ်လဲ အသုံးဝင်မယ့် အသုံးပြုသင့်တဲ့ Investing Platform တစ်ခု ဖြစ်ပါတယ်။ ကျတော့ ကိုယ်ပိုင် Rating ကတော့ 4 out of 5 Stars ပေးပါတယ်။


M1 Finance မှာ Brokerage account ဖွင့်ချင်ရင်တော့ အောက်က Link ကို နှိပ်ပြီး ဖွင့်ပါ။


အားလုံးအဆင်ပြေ ကြပါစေ။

#LewisAung (Lewis Aung Taxes & Insurance)

135 views0 comments

Recent Posts

See All
bottom of page